Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲဆိုရန် ပြင်ဆင်နေသည်ကို သိရှိထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ ကချင်ပြည်နယ်လုံနယ်မှ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ကို ခေါ်ယူတွေ့ဆုံပြီးနောက် သိရှိခဲ့ရသည်ဟု ယနေ့ည KBC ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် တွဲဖက်အတွင်းရေးမှုး Rev. lahpai Zau Ra ပြောဆိုခဲ့သည်။

“သူတို့ဘက်နေ တွေ့ဖို့ ပြောလာတဲ့အတွက် KBC ရုံးချုပ်ကနေ ၄ ယောက်သွားတွေ့ခဲ့တယ်။ လုံနယ်နဲ့တွေ့ဆုံတဲ့အခါမှာ ကျနော်တို့ရဲ့ ဆရာက သူလုပ်ထားတဲ့ အပြစ်တွေရှိနေတယ်ဆိုပြီး ဖိုင်တွေပြလာတယ်။ အစည်းအဝေးက ဖိုင်တွေပါလာတယ်။ အဲ့ကြောင့် ကျနော်တို့ ဆရာတော်ကို တရားစွဲဖို့ လုပ်နေကြပြီလို့ သိရတယ်”ဟု KBC မှ တာဝန်ရှိသူ ဆရာ Lahpai Zau Ra က သတင်းရုပ်သံတွင်ပြောဆိုခဲ့သည်။

ထိုတွေ့ဆုံမှုအပြီး ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် အမြန်ဆုံး လွတ်မြောက်လာရန်အတွက် လမ်းစရှာဖို့ ကော်မတီတစ်ခု ကိုလည်း KBC ဘက်မှ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ အထိ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အသေးစိတ် မသိရသေးပါ။

KBC ဥက္ကဋ္ဌ ဟောင်း နှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌ ဖြစ်သူ Rev. Dr. Hkalam Samson သည် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ထွက်ခွာရန် မန္တလေး လေဆိပ်တွင် လေယာဉ်စောင့်ဆိုင်းနေချိန် စစ်တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...