Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲဆိုရန် ပြင်ဆင်နေသည်ကို သိရှိထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ ကချင်ပြည်နယ်လုံနယ်မှ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ကို ခေါ်ယူတွေ့ဆုံပြီးနောက် သိရှိခဲ့ရသည်ဟု ယနေ့ည KBC ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် တွဲဖက်အတွင်းရေးမှုး Rev. lahpai Zau Ra ပြောဆိုခဲ့သည်။

“သူတို့ဘက်နေ တွေ့ဖို့ ပြောလာတဲ့အတွက် KBC ရုံးချုပ်ကနေ ၄ ယောက်သွားတွေ့ခဲ့တယ်။ လုံနယ်နဲ့တွေ့ဆုံတဲ့အခါမှာ ကျနော်တို့ရဲ့ ဆရာက သူလုပ်ထားတဲ့ အပြစ်တွေရှိနေတယ်ဆိုပြီး ဖိုင်တွေပြလာတယ်။ အစည်းအဝေးက ဖိုင်တွေပါလာတယ်။ အဲ့ကြောင့် ကျနော်တို့ ဆရာတော်ကို တရားစွဲဖို့ လုပ်နေကြပြီလို့ သိရတယ်”ဟု KBC မှ တာဝန်ရှိသူ ဆရာ Lahpai Zau Ra က သတင်းရုပ်သံတွင်ပြောဆိုခဲ့သည်။

ထိုတွေ့ဆုံမှုအပြီး ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် အမြန်ဆုံး လွတ်မြောက်လာရန်အတွက် လမ်းစရှာဖို့ ကော်မတီတစ်ခု ကိုလည်း KBC ဘက်မှ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ အထိ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အသေးစိတ် မသိရသေးပါ။

KBC ဥက္ကဋ္ဌ ဟောင်း နှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌ ဖြစ်သူ Rev. Dr. Hkalam Samson သည် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ထွက်ခွာရန် မန္တလေး လေဆိပ်တွင် လေယာဉ်စောင့်ဆိုင်းနေချိန် စစ်တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...