ဒီးမော့ဆိုမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြာင်းအကြိမ်ရေ ၂၀အထက် အသုံးပြုတိုက်ခိုက်

ဒီးမော့ဆိုမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြာင်းအကြိမ်ရေ ၂၀အထက် အသုံးပြုတိုက်ခိုက်

ကရင်နီပြည် ဒီးမော့ဆိုမြို့တွင်းတစ်နေရာမှာ  ဒီဇင်ဘာလ ၃  ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀အထက် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်အရ သိရပါတယ်။

“တိုက်ပွဲဖြစ်တဲ့နန်းမယ်ခုံ သေးဆူလဲ ကုန်းသာဖက်တကြောဖြစ်မယ်။ အငယ်ဆိုတာထက် လက်နက်ကြီး အသံပိုကြားရတယ်။ ဒီနေ့မနက် ၅နာရီကစ လက်နက်ကြီးသံ တောက်လျှောက် ကြားရတယ်။ နေ့ခင်းဖက် ၁နာရီလောက်မှာ လက်နက်ကြီးသံထပ်ကြားရတယ်။ ညနေ ၃နာရီကျော်မှာတော့ တိုက်လေယာဉ် တစ်စီးလာတယ်။ လာပစ်သွားတယ် တိုက်ပွဲဖြစ်တဲ့ဖက် တကြောကို။ ၄နာရီလောက်မှာ တစ်စီးထပ်လာတယ် သိပ်မကြာဘူး ထပ်ကြဲတယ် ။ ညကိုးနာရီ ၁၉မိနစ်မှာ တခါလာထပ်ကြဲတယ် အသံက ပိုကျယ်လာတယ်။ မိနစ်၂၀အတွင်း ဗုံးကြဲတာ ၄ခါရှိတယ်။” လို့ ဒီးမော့ဆိုမြို့နယ် မြေပြင်တစ်နေရာမှာ ရောက်ရှိနေသူ တစ်ဦးရဲ့ ညနေ ၁၀နာရီခွဲမှာ ပြောပြချက်အရ သိရပါတယ်။

ညနေ ၃နာရီမှာ တိုက်လေယာဉ်နှစ်စီးနဲ့ ၈ကြိမ်၊ ညနေ ၄နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ သုံးကြိမ် လက်ရှိ ည ၉နာရီကျော်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ လေကြောင်းနဲ့ ပစ်ခတ်နေပြီး ပစ်ခတ်အသံဟာ ဒီးမော့ဆိုမြို့အနီးနဲ့ လွိုင်ကော်မြို့မှာ နေထိုင်သူတွေပါ ကြားနေရတယ်လို့ လွိုင်ကော်မြို့မှာ နေထိုင်သူတွေက ဆိုကြပါတယ်။

ဒီးမော့ဆိုမြို့နယ် ကြာဖူးဒေါကျေးရွာမှာ စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းနဲ့ အင်အား အလုံးအရင်းထိုးစစ်ပြန်ဆင်လာတဲ့အတွက် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) က ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး အတိအကျကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကရင်နီပြည် ဒီးမော့ဆိုမြို့ သေးဆူလဲ-နန်းမယ်ခုံဘက်တစ်ကြောမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲ ဒုတိယရက်မှာ စစ်ကောင်စီဘက်က တပ်ဆုတ် သွားခဲ့ပေမယ့် ဒီကနေ့ ဒီဇင်ဘာလ ၃ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ လေကြောင်းပါအသုံးပြု ပြန်လည်ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ရက်ကနေ ဒီကနေ့အထိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရပါတယ်။ နန်းမယ်ခုံဘက်တစ်ကြောမှာလည်း စစ်ရေးအရှိန် ဆက်လက်မြင့်တက်နိုင်သေးတဲ့အတွက် ပြည်သူလူထုအနေနဲ့ အသွားအလာ မပြုလုပ်ကြသေးဖို့ ပူးပေါင်းတပ်ဖွဲ့ အသီးသီးက ထုတ်ပြန်တိုက်တွန်းထားပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...