တောင်အာရှနိုင်ငံများကရာတေးပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံကိုယ်စားပြုပြီး ရခိုင်အပါအဝင် လူနည်းစုကျောင်းသား ၈ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

တောင်အာရှနိုင်ငံများကရာတေးပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံကိုယ်စားပြုပြီး ရခိုင်အပါအဝင် လူနည်းစုကျောင်းသား ၈ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

သီရိလင်္ကာနိုင်ငံ ကိုလမ်ဘိုမြို့တွင် မကြာမီကျင်းပမည့် (၆)ကြိမ်မြောက် တောင်အာရှနိုင်ငံများ နိုင်ငံများ ကရာတေး ပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ချ် နိုင်ငံကိုယ်စားပြုပြီး ကရာတေးဆရာကြီး ဦးသိန်းမောင် ဖွင့်လှစ်ထားသည့် ပရဟိတကျောင်းမှ ရခိုင်အပါအဝင် လူမျိုးစု ကျောင်းသား၊ကျောင်းသူ ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ကရာတေးဆရာကြီး ဦးသိန်းမောင်က “ကျွန်တော်တို့ကျောင်းက ၈ ယောက်ဝင်ပြိုင်မှာပါ။ မိန်းကလေးက ၅ ယောက်၊ ယောကျ်ားလေးက ၃ ယောက်။ သူတို့က ၁၅နှစ်နဲ့ ၁၈ နှစ်အထဲမှာ ဝင်ပြိုင်မှာပါ။ အများစုကတော့ တစ်ယောက်ချင်းနဲ့ သုံးယောက်ကာတာ (အလှပြပြိုင်ပွဲ)မှာ ဝင်ပြိုင်ကြမှာပါ။ ဒီလ ၂၄ ရက်နေ့ သီရိလင်္ကာနိုင်ငံကို ထွက်ခွာကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်သူ၊ ကျောင်းသားများမှာ မနုမေ၊ မရီတုန်း ၊ မတုန်ပုန်း ၊ မဆန်းနုယဉ်၊ မဖြူဝင်းစိန်၊ မောင်သိန်းကျော်ဦး၊ မောင်ရာဟိန်းနှင့် မောင်ကျော်ဆန်းဦးတို့ဖြစ်ကြပြီး ရခိုင်၊ မာရမာနှင့် မြိုကျောင်းသား ကျောင်းသူများဖြစ်ကြောင်း သိရသည်။

“ ဂျူနီယာပြိုင်ပွဲမှာ မနုမေ ကတော့တစ်ယောက်ချင်းနဲ့ အဖွဲ့လိုက်မှာကစားမှာပါ။  ရီတုန်းကတော့ 54-KG မှာ တစ်ယောက်ချင်းနဲ့ အဖွဲ့လိုက်မှာစကားမှာ။ တုန်ပုန်းက အဖွဲ့လိုက်မှာကစားမယ်။ ဆန်းနုယာဉ်က 45-KG၊ ဖြူဝင်းစိ န်က 53-Kg Fightမှာကားမှာပါ။ သိန်းကျော်ဦးကတော့ တစ်ယောက်ချင်းနဲ့ အဖွဲ့လိုက် 60-Kgမှာ ရာဟိန်းက တော့အဖွဲ့လိုက် 57-Kgနဲ့ ကျော်ဆန်းဦးကတော့ အဖွဲ့လိုက် 45-Kg ကာတာမှာ  ကစားမှာဖြစ် တယ်။”ဟု ဆရာ သိန်းမောင်က ပြောသည်။

အဆိုပါပြိုင်ပွဲတွင် တောင်အာရှနိုင်ငံများဖြစ်ကြသည့် ဘဂ်လာဒေ့ချ်၊ သီရိလင်္ကာ၊ ဘူတန်၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ မောင်လဒိုက်နှင့် ပါကိစ္စတန်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကစားသမားများမှ ဝင်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်။

မနုမေမှာ ယခင်တောင်အာရှပြိုင်ပွဲတွင် တတိယဆုရထားပြီး တခြားရွှေတံဆိပ်ဆု ၃ ခုရရှိထားပြီး ဘင်္ဂလား ဒေ့ချ်နိုင်ငံတွင်း ပြည်ပွဲများတွင်လည်း ဆုများစွာရရှိထားပြီး သိန်းကျော်ဦးမှာလည်း ရွှေတံဆိပ်ရှင်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ရရှိထားသူဖြစ်ပြီး မရီတုန်းမှာလည်း  ၂၀၂၀-၂၀၂၁ ကာတာ (အလှပြပြိုင် ပွဲ) တွင်လည်း ရွှေတံဆိပ်ရရှိထားသူ ဖြစ်ကြောင်းသိရှိရသည်။

ပြိုင်ပွဲဝင်ရန် သီရီလင်္ကာနိုင်ငံသို့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဆရာသိန်းမောင် ဇနီးဖြစ်သူ ဒေါ် ဇော်ဦးဖြူမှာ အဆိုပါကျောင်းသား ကျောင်းသူများနှင့်အတူ သီရိလင်္ကာနိုင်ငံကို ဘင်္ဂလာအစိုးရ အစီအစဉ်ဖြင့် သွားရောက်မည် ဖြစ်သည်။

ကရာတေးဆရာကြီး ဦးသိန်းမောင်မှာ စစ်တွေမြို့ဇာတိဖြစ်ကာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် အရေးအခင်းတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံကို ထွက်ခွာလာသူဖြစ်သည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံကိုရောက်ပြီးနောက် စစ်တကောင်းတောင်တန်းနယ်၊ ဘင်ဒရိုဘင် ခရိုင်၊ လာမားမြို့အနီး ကျောက်တန်းရွာတွင် မြို၊ မာရမာ၊ မြုံနှင့် ရခိုင်အပါအဝင် တောင်တန်းနယ်ရှိ လူမျိုးစု လူငယ်များကို အစိုးရအသိမှတ်ပြု ကျောင်းဖွင့်လှစ်ကာ အတန်းစာများသင်ကြားပေးနေသလို ကရာတေးအားကစားကိုလည်း သင်ကြားပေးနေကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...