ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲကြားက မထွက်ပြေးနိုင်ဘဲ ရွာတွင်ကျန်ခဲ့သည့် (၈၈) နှစ်အရွယ်သက်ကြီးရွယ်အိုတစ်ဦး အစာရေစာပြတ်လပ်သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲကြားက မထွက်ပြေးနိုင်ဘဲ ရွာတွင်ကျန်ခဲ့သည့် (၈၈) နှစ်အရွယ်သက်ကြီးရွယ်အိုတစ်ဦး အစာရေစာပြတ်လပ်သေဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်းအင်းကြီးရွာက စစ်တပ်၏ သတ်ဖြတ်မှုများကြားက မထွက်ပြေးနိုင်ဘဲ ရွာတွင်ကျန်ခဲ့သည့် (၈၈) နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးသည် အစာရေစာပြန်လပ်ပြီးနောက် အင်အားချို့တဲ့ကာ နိုဝင်ဘာ ၁၃ ရက်က သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဆင်အင်းကြီး ကျေးရွာမှ အသက် (၈၈ နှစ်)အရွယ် ဦးမောင်သိန်းထွန်း ဖြစ်သည်။

"အဖိုးက အစကနေ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး။ ကိုယ်ခံအားလည်းနည်းနေပြီ။ ဒီနှစ်ရက်၊ သုံးရက်ကြားမှာ အစာရေစာကလည်း ပြတ်လပ်သွားတယ်ဆိုတော့ ပိုဆိုးသွားတဲ့ သဘောပါ။ မနေ့ မနက်က ပုဏ္ဏားကျွန်းမြို့မကျောင်းကို အဖိုးကိုခေါ်ယူလာပါတယ်။ ကျောင်းကိုရောက်ပြီး နာရီဝက်ကျော်လောက်မှာ ဆုံးသွားပါတယ်"ဟု ပြောသည်။

၎င်းသက်ကြီးရွယ် အဖိုးအိုသည် နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက အစာရေစာပြတ်လပ်နေပြီး ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် ရွာသားများက သွားရောက်ခေါ်ယူခဲ့ပြီးနောက်  သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

သမီးဖြစ်သူ ဒေါ် ဦးမြရီက "မိဘသေဆုံးသွားရင်တော့ သားသမီးမှာ မခံစားနိုင်ပါဘူး။ စားသာစားရ၊ နေသာနေနေရတာ ထားခဲ့ရလို့ မခံစားနိုင်ဘူး။ အဖေတစ်ယောက်ကို ပြုစုလာတာ။ မပြုစုရတော့ ဘယ်လိုနေထိုင်နေလဲ၊ ရေရောသောက်ရလား။ ငတ်များငတ်နေပြီလားလို့ ရင်ထဲမခံစားနိုင်ဘူး။ ယူလာဖို့ကလည်း ချောင်းကူးမြစ်ကူးလာရတာ ကုန်းလည်းမပိုးယူနိုင်။ အရမ်းခံစားရပါတယ်"ဟု ပြောသည်။

အဖိုးကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ပုဏ္ဏားကျွန်းသုဿန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။

ဆင်အင်းကြီးကျေးရွာထဲကိုဝင်ရောက်ကာ နိုဝင်ဘာ (၁၀) ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားများဝင်ရောက်ကာ နေအိမ် ၅ လုံးကို မီးရှို့ခဲ့ပြီး အသက် ၉၀ အရွယ် အဖွားအိုတစ်ဦးအပါအဝင်  ရွာသား ၉ ဦးကိုလည်း သေနတ်များဖြင့် ပစ်ခတ်ကာ တချို့ကို ဓားထိုးပြီး ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...