ပုဏ္ဏားကျွန်းတွင်ရိက္ခာလာပို့သည့် စစ်ကားမိုင်းဆွဲခံရ၍ ကားတစ်စီးလုံးပျက်စီးသွားကာ စစ်သားအများအပြား ဦးသေဆုံးသွားဟုဆို

ပုဏ္ဏားကျွန်းတွင်ရိက္ခာလာပို့သည့် စစ်ကားမိုင်းဆွဲခံရ၍ ကားတစ်စီးလုံးပျက်စီးသွားကာ စစ်သားအများအပြား ဦးသေဆုံးသွားဟုဆို
ပုဏ္ဏားကျွန်းမြို့အနီး ကားလမ်းဘေးတစ်လျှောက် စစ်ကောင်စီတပ်သားများ မိုင်းရှင်းနေကြစဉ်
ပုဏ္ဏားကျွန်းမြို့အနီး ကားလမ်းဘေးတစ်လျှောက် စစ်ကောင်စီတပ်သားများ မိုင်းရှင်းနေကြစဉ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ရိက္ခာလာပို့သည့် စစ်ကားတစ်စီး မိုင်းဆွဲခံရ၍ ကားတစ်စီးလုံးပျက်စီးသွားကာ စစ်သားအများအပြားသေဆုံးသွားခဲ့သည် ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီကျော်တွင် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အိုးကြီးနှင့် ပဒေသာရွာကြားရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ရက္ခိုင့်တပ်တော် (AA) က စစ်တပ် ရိက္ခာကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

"ရိက္ခာကားတော့ လုံးဝပြိုသွားတယ်။ စစ်သားကတော့ ၁၀ ယောက်လောက် သေသွားပါတယ်"ဟု ပြောသည်။

ယခုကဲ့သို့ မိုင်းဆွဲခံရပြီးနောက် စစ်တွေအခြေစိုက် ၃၄၄ တပ်နှင့် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တို့ကလည်း ရိက္ခာကားမိုင်းဆွဲခံရသည့်နေရာအနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ၁၀ မိနစ်ခန့်ကြာ ဆက်တိုက်ပတ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်တွေ ဒေသခံတစ်ဦးက "စစ်တွေ ၃၄၄ တပ်က ပစ်သံက တအားကျယ်တာ။ စစ်တွေမြို့ထဲကတောင် ကြားရတယ်။ ၃၄၄ က လက်နက်ကြီး ၁၀ ချက်လောက်တောင်ပစ်ခဲ့တယ်။ အရင်ဆို ၃၄၄ က ပစ်သံတွေကို မြို့ထဲက သိပ်မကြားရဘူး။ အခုက အသံကျယ်တော့ ကြားရတယ်"ဟု ပြောသည်။

လက်ရှိတွင် စစ်တွေမြို့အဝင်၊ အထွက် ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီဟု ခရီးသည်များက ပြောသည်။

၎င်းပြင် ပုဏ္ဏားကျွန်းမြို့ပေါ် အခြေစိုက် ခမ၇ (၅၅၀) က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိုင်းကွဲရာနေရာသို့ ပစ်ခတ်နေသဖြင့် စာသင်ကျောင်းများ၊ စျေးဆိုင်များ၊ စျေးများအားလုံးကို ယာယီပိတ်ထားလိုက်ရသည်ဟု သတင်းရရှိသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...