ဖားကန့် ဒေသတစ်နေရာတွင် မြင်တွေ့ရသည့် စစ်ကောင်စီတပ်သားများ

ဖားကန့် ဒေသတစ်နေရာတွင် မြင်တွေ့ရသည့် စစ်ကောင်စီတပ်သားများ

ဖားကန့် မြို့နယ် ဒေသအခေါ် ဆိပ်မူစစ်တပ်ကုန်းတွင် လက်နက်ကြီး နှစ်လုံးပစ်ခတ်ခံရပြီး စစ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက် ည ၄ နာရီအချိန်ခန့်တွင် အမည်မသိ အဖွဲ့တစ်ခုက လက်နက်ကြီး နှစ်ချက် ပစ်ခတ်ခဲ့ရာ တစ်လုံးသည် စစ်တပ်ဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၅ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ဖြစ်စဥ်သိရှိသူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”ငါးနာရီထိုးခါနီးလေးအချိန်မှာလာပစ်သွားတယ်။ အသံတော့အကျယ်ကြီးပဲ သေဆုံးတာရှိမရှိ တော့မသိရသေးဘူး။ ဒါပေမယ့် စစ်သားငါးယောက် တိတိ ကျတော့ဒဏ်ရာတွေရသွားတယ်။ မနေ့ကတော့ အဲ့ငါးယောက်လုံးသေတယ်ထင်တာ။ အခုသတင်းပြန်ရတာက မသေဘူး ဆေးကုနေတဲ့အထဲမှာပဲ” ဟု အထက်ဖော်ပြပါ အမျိုးသားက ပြောသည်။

စစ်တပ်ကုန်း ပစ်ခတ်ခံရမှုအပြီး ၅ နာရီခွဲအချိန်ခန့်တွင် စစ်သားများက လက်နက်ငယ် အချက် ၅၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူလူထု ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် အဆိုပါ စစ်တပ်ကုန်းတွင် စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးများ မိုင်းခွဲခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...