ဖားကန့် ဒေသတစ်နေရာတွင် မြင်တွေ့ရသည့် စစ်ကောင်စီတပ်သားများ

ဖားကန့် ဒေသတစ်နေရာတွင် မြင်တွေ့ရသည့် စစ်ကောင်စီတပ်သားများ

ဖားကန့် မြို့နယ် ဒေသအခေါ် ဆိပ်မူစစ်တပ်ကုန်းတွင် လက်နက်ကြီး နှစ်လုံးပစ်ခတ်ခံရပြီး စစ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက် ည ၄ နာရီအချိန်ခန့်တွင် အမည်မသိ အဖွဲ့တစ်ခုက လက်နက်ကြီး နှစ်ချက် ပစ်ခတ်ခဲ့ရာ တစ်လုံးသည် စစ်တပ်ဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၅ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ဖြစ်စဥ်သိရှိသူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”ငါးနာရီထိုးခါနီးလေးအချိန်မှာလာပစ်သွားတယ်။ အသံတော့အကျယ်ကြီးပဲ သေဆုံးတာရှိမရှိ တော့မသိရသေးဘူး။ ဒါပေမယ့် စစ်သားငါးယောက် တိတိ ကျတော့ဒဏ်ရာတွေရသွားတယ်။ မနေ့ကတော့ အဲ့ငါးယောက်လုံးသေတယ်ထင်တာ။ အခုသတင်းပြန်ရတာက မသေဘူး ဆေးကုနေတဲ့အထဲမှာပဲ” ဟု အထက်ဖော်ပြပါ အမျိုးသားက ပြောသည်။

စစ်တပ်ကုန်း ပစ်ခတ်ခံရမှုအပြီး ၅ နာရီခွဲအချိန်ခန့်တွင် စစ်သားများက လက်နက်ငယ် အချက် ၅၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူလူထု ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် အဆိုပါ စစ်တပ်ကုန်းတွင် စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးများ မိုင်းခွဲခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...