ကန်စောက်အခြေစိုက် ၅၃၉တပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည် နေအိမ်နှစ်ဆောင်ကိုထိမှန်ပြီး နဝမတန်းကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရ

ကန်စောက်အခြေစိုက် ၅၃၉တပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည် နေအိမ်နှစ်ဆောင်ကိုထိမှန်ပြီး နဝမတန်းကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် စစ်ကောင်စီတပ်ရင်းအမှတ် (၅၃၉)မှ ယမန်နေ့ညက ပစ်ခတ်လိုက်သည့်  လက်နက်ကြီး ကျည်တစ်လုံးသည် လူနေရွာထဲ ကျရောက်ပေါက်ကွဲ၍ အိမ် ၂ လုံးပျက်စီးကာ နဝမတန်းကျောင်းသူ ၁ဦးထိခိုက်ဒဏ်ရာရှိသွားသည်ဟု သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပျက်စီးသွားခဲ့သည့် အိမ်နှစ်ဆောင်မှာ ကျောက်တော်မြို့နယ်၊ ဆင်မကျော်(ခမီ)ကျေးရွာမှ ဦးလှမောင်၊ ဦးအောင်အောင်ဌေးတို့၏ နေအိမ်များဖြစ်ကြပြီး ဒဏ်ရာရသွားသည့် န၀မတန်းကျောင်းသူမှာ ဦးတင်ညွန့်မောင်၊ ဒေါ်စန္ဒာဝင်းတို့၏ သမီး မဆန်းဆန်းဝင်း(၁၅)နှစ် ဖြစ်ကြောင်း သိရသည်။

ဒေသခံ တစ်ဦးက “  မနေ့က ညအချိန် ၈ နာရီလောက်မှာ ကန်စောက်တပ်ရင်း ၅၃၉ ကနေ လက်ကြီးကျည် တစ်လုံးတည်းပစ်တာပါ။ အဲဒါ ဆင်မကျော် ကျေးရွာထဲကိုကျပါတယ်။ အိမ်နှစ်ဆောင်ရဲ့ ခေါင်းမိုးက ဇကာပေါက် ဖြစ်သွားပါတယ်။ ညစာကျက်နေတဲ့  ကိုးတန်းကျောင်းသူ မဆန်းဆန်းဝင်းရဲ့  လက်နှစ်ဖက်မှာ လက်နက်ကြီးကျည်စတွေ ထိမှန်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ ၅၃၉တပ်မှ ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့၊ ည ၈နာရီအချိန်ခန့်တွင် လက်နက်ကြီး ၁ ချက်ပစ်ခတ်ခဲ့ပြီး ၎င်းလက်နက်ကြီးကျည်သည် ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

"မနေ့ညက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က သံဖြူခေါင်မိုးတွေနဲ့ အခန်းတွေ ပျက်စီးသွားတယ်။ ကျောင်းတက်နေတဲ့ နဝမတန်းကျောင်းသူ တစ်ယောက်က စာကျက်နေတဲ့ အချိန်မှာ ကျည်စတွေက သူမ စာကျက်နေတဲ့ နေရာအထိ လွှင့်စဉ်လာပြီး ကျည်စတွေလာထိတာပါ" ဟု ဆင်မကျော် ကျေးရွာမှ ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရှိသွားသည့် နဝမတန်းကျောင်းသူ မဆန်းဆန်းဝင်းကို ကန်စောက်ကျေးလက်ကျန်းမာရေးဌာန၌ကုသလျှက်ရှိကာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု သိရသည်။

ကျောက်တော်တွင် ယမန်နေ့ အောက်တိုဘာ ၂၉ ရက်၊ နေ့လယ် ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းလွှတ်ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ မြိုင်ဟေဝန်ကျောင်းတိုက်တွင် ကျောင်းခေါင်းမိုး အပါအဝင်အပျက်အစီးတချို့ရှိခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...