ကျောက်တော်၊ရုပ်သားရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပစ်ခတ်

ကျောက်တော်၊ရုပ်သားရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပစ်ခတ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရုပ်သားရွာ ဘုန်းတော်ကြီးကျောင်းကို ယနေ့ နေ့လယ်က  စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပစ်ခတ်ခဲ့သဖြင့် အပျက်အစီး တချို့ရှိကြောင်း သတင်းရရှိသည်။

ဒရုန်းလွှတ်ပစ်ခတ်မှုကို ယနေ့ အောက်တိုဘာ ၂၉ ရက် နေ့လယ် ၂ နာရီခန့်က ပြုလုပ်ခဲ့ပြီး  ကျောင်းခေါင်းမိုးအပါအဝင် အပျက်အစီးတချို့ရှိခဲ့သည်ဟု အမည် မဖော်လိုသူတစ်ဦးက ပြောသည်။

"ကျောင်းမှန်း ကန်မှန်းမသိ ယုတ်မာလာကြတာပါ။ ဘုန်းတော်ကြီးကျောင်းကို တမင်တကာ ရည်ရွယ်ချက်ရှိရှိပစ်တာပါ။  လက်နက်ကြီးပစ်တာက မတော်တဆရှိအုံးမယ်။ အခုက ဘာတိုက်ပွဲမှ မရှိဘဲ ဒရုန်းနဲ့ တမင် လာပစ်တာပါ။ ဘုန်းတော်ကြီးကျောင်းပျက်စီးမှုများရှိပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဒရုန်းကိုကျောက်တော်အခြေစိုက် စစ်ကောင်စီတပ် စကခ (၉)မှ လွှတ်တင်ကာ  ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားကျေးရွာသားများက ပြောသည်။

ပစ်ခတ်သည့်အချိန်တွင် ကျေးရွာသားများမှာ ရွာကိုစွန့်ခွာထွက်သွားခဲ့ကြပြီ ဖြစ်သဖြင့် လူကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်

ရုပ်သားရွာနှင့် အနီးအနားရှိ  နာဂရာကျေးရွာများကို  စကခ(၉) က နေ့စဉ် လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များကျကာ လူထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုများ နှင့် အဆောက်အအုံများ ထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီးနောက် ကျေးရွာသားများမှာ ကျောက်တော်ရှိ စစ်ရှောင်စခန်းများနှင့် နီးစပ်ရာကျေးရွာများတွင် စစ်ရှောင်နေကြရသည်မှာ တစ်လခန့်ရှိပြီဟု ရုပ်သားရွာသူတစ်ဦးက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...