ရခိုင်မှစစ်ဘေးရှောင်များအား ANP က စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့မည်

ရခိုင်မှစစ်ဘေးရှောင်များအား ANP က စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့မည်

ရခိုင်မှစစ်ဘေးရှောင်များအား ထောက်ပံ့ကူညီမှု မပြုလုပ်ရန် ပြည်တွင်း/ပြည်ပ အန်ဂျီအိုများ၊ လူမှု အဖွဲ့အစည်းများအား စစ်ကောင်စီက တားမြစ် ထားသော်လည်း ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် လူသားချင်း စာနာမှုအကူအညီများကို ဆက်တိုက် ထောက်ပံ့သွားမည်ဟု သတင်းရရှိသည်။

ဘေးဒုက္ခကယ်ဆယ်ရေး ကော်မတီခေါင်းဆောင် ဦးကိုချေက "အဓိကကတော့ လက်ရှိ လက်ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေကို လက်လှမ်းမီသလောက် ကူညီဖို့ ဆွေးနွေးထားတာ ရှိတယ်။ ကျောက်တော်ကို ပထမဆုံး ပစ်မှတ်ထားပြီး လှူဖို့ရှိတယ်။ ရသေ့တောင်မှာ ရှိတဲ့ မြို့ပေါ်နဲ့စေတီပြင်က ၂နေရာမှာ စစ်ဘေးရှောင်တွေရှိတယ်။ စေတီပြင်မှာ ပိုများတာပေါ့။ ရသေ့တောင် ကိစ္စဆွေးနွေးခဲ့တယ်။ ပြီးတော့ မောင်တောက စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ လေးမိုင်၊ ရွာတွေကစစ်ဘေးရှောင်တွေကိုလှူဖို့ရှိတယ်။ ဒါက ပထမ ပစ်မှတ်ထားတဲ့ အဓိက ၃နေရာပေါ့။ ဒုတိယနေရာက မင်းပြား၊ ပေါက်တော၊ မြောက်ဦး အဲ့ဒီနေရာတွေကိုပါလှူဖို့ရှိတယ်။ ဒါပေမဲ့ မရောက်နိုင်သေးဘူး။ အခု ကျောက်တော်ကနေ မောင်တော။ ရသေ့တောင် ၃မြို့ကိုလှူဖို့ ဆွေးနွေးခဲ့ကြတယ်" ဟု ပြောသည်။

ထိုသို့စားနပ်ရိက္ခာများထောက်ပံနိုင်ရန်အတွက် ANP ပါတီ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို  အောက်တိုဘာလ ၂၃ရက်၊ နေ့လယ် ၁နာရီအချိန်တွင် စစ်တွေရှိ ရခိုင်အမျိုးသားပါတီ ဗဟိုရုံး၌ ကျင်းပခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် ANP ပါတီနှင့် ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီတို့က လက်ရှိတွင် စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာများလှူဒါန်းခဲ့ပြီး ထိုသို့လှူဒါန်းရာတွင်လည်း စနစ်တကျဖြစ်စေရန်၊  အချက်အလက်များ ပြည့်စုံစေရန်နှင့် ကူညီနိုင်မည့်ပမာဏ အတိုင်းအတာများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၄ရက်နေ့တွင် ကျောက်တော်၊ မောင်တော၊ ရသေ့တောင်စသည့် မြို့နယ်  ၃မြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် တစ်မြို့နယ်လျှင် ကျပ်ငွေ ၁၅သိန်း၊ စုစုပေါင်း ၄၅သိန်းကို

မြို့နယ်ကော်မတီတာဝန်ခံထံသို့ လွဲထားပြီဖြစ်သည်ဟုလည်း သိရသည်။

"ကျွန်တော်တို့က လုပ်ငန်းတာဝန်တွေ လုပ်ဆောင်ဖို့အရင်လို သွားလာလို့ မရတော့ မြို့နယ်ကော်မတီ တာဝန်ခံတွေဆီကနေ ဆောင်ရွက်နေရတယ်။ အခု ၃မြို့နယ်ဆီကို ဒီနေ့ပဲ ၁၅ သိန်းစီ လွှဲလိုက်တယ်။ ဆန်သီးသန့်လှူဖို့ အတွက်ပဲ လွှဲထားတာ။ စစ်ဘေးရှောင်အရေအတွက်ကြည့်ပြီး လောလောဆယ် ရသလောက်ပေါ့။ ကျွန်တော်တို့က ပထမတစ်ကြိမ် ဘူးသီးတောင်မှာငွေကြေး ၁၄သိန်းလှူဒါန်းခဲ့တယ်။ ဗဟိုရုံးက ကူညီပြီးတော့ မြို့နယ်ပါတီကော်မတီတွေနဲ့ ဆန်၊ဆီ၊ ဆားပေါ့။ အဓိက အခြေအနေပေါ် မှုတည်ပြီး ပစ္စည်သယ်ယူလို့ အခက်အခဲရှိလို့ ငွေကြေးလှူခဲ့တယ်" ဟု ၎င်းက ပြောသည်။

ထိုသို့စစ်ဘေးရှောင်များကို စားနပ်ရိက္ခာများကူ ညီထောက်ပံ့လှူဒါန်းနိုင်ရန် ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပါတီဘေးဒုက္ခကယ်ဆယ်ရေး ကော်မတီသို့ မိမိကိုယ်ပိုင်ငွေ ငွေကျပ်ဆယ်သိန်းနှင့် အတူ ရန်ကုန်ကပါလာသည့် ရန်ပုံငွေများကိုလည်း လှူဒါန်းခဲ့သည်ခြင်းဖြစ်သည်ဟုသိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဘူးသီးတောင်မြို့နယ်မှ စစ်ဘေးရှောင်များ အတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း  ဆန်အိတ် ၃၀ကို လှူဒါန်းခဲ့သည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...