လောင်းလုံးမြို့နယ်မှာ မိသားစုဝင် ၄ ဦး သတ်ဖြတ်ခံရ

လောင်းလုံးမြို့နယ်မှာ မိသားစုဝင် ၄ ဦး သတ်ဖြတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာမှာ အောက်တိုဘာ ၂၀ ရက်နေ့ ညက ဒေသခံ မိသားစုဝင် ၄ ဦးကို စစ်ကောင်စီတပ်တွေနဲ့ ပျူ စောထီးအဖွဲ့တွေက လာရောက် သတ် ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ည ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ဦးလေးလေး ဦးဆောင်အဖွဲ့က ကျေးရွာထဲကို ကား ၂ စီးနဲ့ ဝင်ရောက်လာပြီးနောက် ဦးမောင်စိုးတင်တို့ မိသားစုဝင် ၄ ဦးကို နေအိမ်မှာပဲ ဖမ်းဆီးသတ်ဖြတ်သွားခဲ့တာပါ။

ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် ဦးမောင်စိုးတင်၊ ဇနီးဖြစ်သူ ဒေါ်မနွဲ့၊ သားဖြစ်သူ ကိုဇေယျာထွန်းနဲ့ မွေးစားသားတစ်ဦး အပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ ဦးမောင်စိုးတင်တို့ မိသားစုဝင် ၄ ဦးကို ဓါးနဲ့ထိုးပြီးနောက် သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သေဆုံးသွားတဲ့ ဦးမောင်စိုးတင်အပါအဝင် မိသားစုဝင် ၄ ဦးရဲ့ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့က လောင်းလုံးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သေဆုံးသူတဲ့ မိသားစုဝင်တွေဟာ ရေလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ပြီး ငွေကြေးအတန်အသင့်ပြည့်စုံသူတွေလည်း ဖြစ်သလို သားဖြစ်သူ ကိုဇေယျာထွန်းမှာလည်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး နေအိမ်ပြန်လာတာ ၁ လကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးအဖွဲ့တွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်ကို ဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်နေတာကြောင့် သေဆုံးသူတွေ ၂၀ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။

Most read this week

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...