မလေးရှားရဲတပ်ဖွဲ့က ရက္ခိုင့်လူမှုကယ်ဆယ်ရေး (ARRC) ရုံးကို ဝင်ရောက်ပြီး လူ ၂၀ ကိုဖမ်းဆီးသွား

မလေးရှားရဲတပ်ဖွဲ့က ရက္ခိုင့်လူမှုကယ်ဆယ်ရေး (ARRC) ရုံးကို ဝင်ရောက်ပြီး လူ ၂၀ ကိုဖမ်းဆီးသွား

မလေးရှားနိုင်ငံမြို့တော် ကွာလာလာမ်ပူရ်ရှိ ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး (ARRC) ကို အောက်တိုဘာ ၁၂ ရက်က မလေးရှားရဲများက ဝင်ရောက်ပြီး  လူပေါင်း (၂၀) ဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ARRC ရုံးမှ ဥက္ကဋ္ဌ ဦးအေးကျော်၊ ဒု-ဥက္ကဋ္ဌ ဦးအောင်မျိုးသူ၊ ဦးကိုနိုင်ထွန်း (ကျန်းမာရေးတွဲဖက်တာဝန်ခံ) ၊ ဦးနိုင်ဇော်ဦး (စာရင်းစစ်) ၊ မောင်စိုးသန်း (ကျန်းမာရေးမှူး) ၊ ကိုခိုင်မောင်ဝင်း (ကတ်တာဝန်ခံ) အပါအဝင် UN ကဒ်ပြုလုပ်ရန် ရောက်ရှိနေသူ စုစုပေါင်း ၂၀ ဦးတို့ဖြစ်ကြသည်ဟု သိရသည်။

ARRC နှင့် နီးစပ်သူတစ်နီးက"ရုံးမှာရှိတဲ့အဖွဲ့ဝင်တွေနဲ့ ကဒ်လာလုပ်သူတွေကိုပါဖမ်းသွားတာပါ။ ကဒ်လာလုပ်ကြတာက ရခိုင်တွေအပြင် တခြားလူမျိုးတွေလည်း လာလုပ်ကြတာရှိပါတယ်။ ရုံးက အဖမ်းအဆီးတာဝန်ခံနဲ့ နောက်တစ်ယောက်အပြင်ရောက်နေလို့ ဖမ်းခံရတဲ့အထဲမပါသွားဘူး” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

သို့သော်လည်း ရုံးတာဝန်ခံက သွားရောက်ဖြေရှင်းစဉ် သူ့ကိုပါမလေးရှားရဲက ထပ်ဖမ်းဆီးထားသည်ဟု သိရသည်။

“  ရုံးတာဝန်ခံက အခု ဖမ်းဆီးခံရတာနဲ့ သွားဖြေရှင်းရင်း သူ့ကိုပါ ဖမ်းထားတယ်ပြောပါတယ်။ အခု UN ရော တခြားအဖွဲ့အစည်းတွေကပါ လိုက်ပါ ဖြေရှင်းပေးနေကြတယ်လို့ သိရပါတယ်။ မကြာခင် လွတ်လာနိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ကြားနေရပါတယ်" ဟု ပြောသည်။

ဖြစ်စဉ်သည် အောက်တိုဘာလ ၁၂ ရက်နေ့  နံနက်၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့ဝင်များသည်  ရုံးကို ဝင်ရောက်လာပြီး တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မည်သည့်အတွက်ကြောင့် ယခုလို ဖမ်းဆီးသည်ကို သဲသဲကွဲကွဲ မသိရသေးသလိုယခုအဖမ်းအဆီးကြောင့် ကျန်ရှိနေသည့် အဖွဲ့ဝင်များလည်း တိမ်းရှောင်နေကြရသည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...