မလေးရှားရဲတပ်ဖွဲ့က ရက္ခိုင့်လူမှုကယ်ဆယ်ရေး (ARRC) ရုံးကို ဝင်ရောက်ပြီး လူ ၂၀ ကိုဖမ်းဆီးသွား

မလေးရှားရဲတပ်ဖွဲ့က ရက္ခိုင့်လူမှုကယ်ဆယ်ရေး (ARRC) ရုံးကို ဝင်ရောက်ပြီး လူ ၂၀ ကိုဖမ်းဆီးသွား

မလေးရှားနိုင်ငံမြို့တော် ကွာလာလာမ်ပူရ်ရှိ ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး (ARRC) ကို အောက်တိုဘာ ၁၂ ရက်က မလေးရှားရဲများက ဝင်ရောက်ပြီး  လူပေါင်း (၂၀) ဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ARRC ရုံးမှ ဥက္ကဋ္ဌ ဦးအေးကျော်၊ ဒု-ဥက္ကဋ္ဌ ဦးအောင်မျိုးသူ၊ ဦးကိုနိုင်ထွန်း (ကျန်းမာရေးတွဲဖက်တာဝန်ခံ) ၊ ဦးနိုင်ဇော်ဦး (စာရင်းစစ်) ၊ မောင်စိုးသန်း (ကျန်းမာရေးမှူး) ၊ ကိုခိုင်မောင်ဝင်း (ကတ်တာဝန်ခံ) အပါအဝင် UN ကဒ်ပြုလုပ်ရန် ရောက်ရှိနေသူ စုစုပေါင်း ၂၀ ဦးတို့ဖြစ်ကြသည်ဟု သိရသည်။

ARRC နှင့် နီးစပ်သူတစ်နီးက"ရုံးမှာရှိတဲ့အဖွဲ့ဝင်တွေနဲ့ ကဒ်လာလုပ်သူတွေကိုပါဖမ်းသွားတာပါ။ ကဒ်လာလုပ်ကြတာက ရခိုင်တွေအပြင် တခြားလူမျိုးတွေလည်း လာလုပ်ကြတာရှိပါတယ်။ ရုံးက အဖမ်းအဆီးတာဝန်ခံနဲ့ နောက်တစ်ယောက်အပြင်ရောက်နေလို့ ဖမ်းခံရတဲ့အထဲမပါသွားဘူး” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

သို့သော်လည်း ရုံးတာဝန်ခံက သွားရောက်ဖြေရှင်းစဉ် သူ့ကိုပါမလေးရှားရဲက ထပ်ဖမ်းဆီးထားသည်ဟု သိရသည်။

“  ရုံးတာဝန်ခံက အခု ဖမ်းဆီးခံရတာနဲ့ သွားဖြေရှင်းရင်း သူ့ကိုပါ ဖမ်းထားတယ်ပြောပါတယ်။ အခု UN ရော တခြားအဖွဲ့အစည်းတွေကပါ လိုက်ပါ ဖြေရှင်းပေးနေကြတယ်လို့ သိရပါတယ်။ မကြာခင် လွတ်လာနိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ကြားနေရပါတယ်" ဟု ပြောသည်။

ဖြစ်စဉ်သည် အောက်တိုဘာလ ၁၂ ရက်နေ့  နံနက်၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့ဝင်များသည်  ရုံးကို ဝင်ရောက်လာပြီး တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မည်သည့်အတွက်ကြောင့် ယခုလို ဖမ်းဆီးသည်ကို သဲသဲကွဲကွဲ မသိရသေးသလိုယခုအဖမ်းအဆီးကြောင့် ကျန်ရှိနေသည့် အဖွဲ့ဝင်များလည်း တိမ်းရှောင်နေကြရသည်ဟု သိရသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...