ဒီးမော့ဆို စစ်ရှောင်စခန်းမှာ ကလေးငယ်သူတွေ အစုလိုက် အပြုံအလိုက် ဝမ်းရောဂါ ဖြစ်ပွားနေ

ဒီးမော့ဆို စစ်ရှောင်စခန်းမှာ ကလေးငယ်သူတွေ အစုလိုက် အပြုံအလိုက် ဝမ်းရောဂါ ဖြစ်ပွားနေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ ကလေးသူ ငယ်တွေ အစုလိုက် အပြုံအလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင် အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်ကစပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ခံစားနေရတာ ဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂ နှစ်အောက် ကလေး သူငယ် ၅၀ ထက်မနည်း ကူးစက်ခံထားရတာပါ။

ကလေးသူငယ်တွေဟာ အစားအသောက်နဲ့ ရေမသန့်ရှင်းတာ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းတာကြောင့် ဝမ်းရောဂါတွေ ဖြစ်ပွားနေရတာ ဖြစ်ပြီး တစ်ရက်ကို အနည်းဆုံး (၆) ဦးကနေ (၁၀) ဦးလောက်ထိ ဆေးခန်း လာပြကြတယ်လို့ စစ်ရှောင်စခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို ကလေးသူငယ်တွေအပြင် လူကြီးတချို့မှာပါ ကူးစက်မှုတွေ ရှိနေပြီး အခြေခံဆေးဝါးတွေအတွက် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရိက္ခာလည်း ပြတ်လပ်နေပြီး မိုးဗြဲတိုက်ပွဲတွေကြောင့် ရိက္ခာလာလှူမယ့်သူတွေလည်း လာလို့ မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာ ရိက္ခာပြတ်လပ်တာနဲ့ ကူးစက်ရောဂါတွေခံစားနေရသလို စစ်ကောင် စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရတဲ့အတွက် ထိခိုက်သေဆုံးရတာတွေ ရှိနေပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင် တစ်သိန်းကျော် နေထိုင်တာဖြစ်ပြီး ကရင်နီပြည်နယ်ရဲ့ အကြီးဆုံး စစ်ရှောင်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...