ဒီးမော့ဆို စစ်ရှောင်စခန်းမှာ ကလေးငယ်သူတွေ အစုလိုက် အပြုံအလိုက် ဝမ်းရောဂါ ဖြစ်ပွားနေ

ဒီးမော့ဆို စစ်ရှောင်စခန်းမှာ ကလေးငယ်သူတွေ အစုလိုက် အပြုံအလိုက် ဝမ်းရောဂါ ဖြစ်ပွားနေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ ကလေးသူ ငယ်တွေ အစုလိုက် အပြုံအလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင် အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်ကစပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ခံစားနေရတာ ဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂ နှစ်အောက် ကလေး သူငယ် ၅၀ ထက်မနည်း ကူးစက်ခံထားရတာပါ။

ကလေးသူငယ်တွေဟာ အစားအသောက်နဲ့ ရေမသန့်ရှင်းတာ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းတာကြောင့် ဝမ်းရောဂါတွေ ဖြစ်ပွားနေရတာ ဖြစ်ပြီး တစ်ရက်ကို အနည်းဆုံး (၆) ဦးကနေ (၁၀) ဦးလောက်ထိ ဆေးခန်း လာပြကြတယ်လို့ စစ်ရှောင်စခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို ကလေးသူငယ်တွေအပြင် လူကြီးတချို့မှာပါ ကူးစက်မှုတွေ ရှိနေပြီး အခြေခံဆေးဝါးတွေအတွက် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရိက္ခာလည်း ပြတ်လပ်နေပြီး မိုးဗြဲတိုက်ပွဲတွေကြောင့် ရိက္ခာလာလှူမယ့်သူတွေလည်း လာလို့ မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာ ရိက္ခာပြတ်လပ်တာနဲ့ ကူးစက်ရောဂါတွေခံစားနေရသလို စစ်ကောင် စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရတဲ့အတွက် ထိခိုက်သေဆုံးရတာတွေ ရှိနေပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင် တစ်သိန်းကျော် နေထိုင်တာဖြစ်ပြီး ကရင်နီပြည်နယ်ရဲ့ အကြီးဆုံး စစ်ရှောင်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...