တပ်မိသားစုတွေ အပြင်ထွက်ပါက လုံခြုံရေး တာဝန်မယူဘူးလို့ စစ်ကောင်စီ ခြိမ်းခြောက်

တပ်မိသားစုတွေ အပြင်ထွက်ပါက လုံခြုံရေး တာဝန်မယူဘူးလို့ စစ်ကောင်စီ ခြိမ်းခြောက်

မွန်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်ရင်းတွေမှာ တပ်မိသားစုဝင်တွေကို တပ်ပြင်ပထွက်ခွင့် လုံးဝပိတ်ပင်ထားပြီး အပြင်ထွက်ပါက လုံခြုံရေးတာဝန်မယူနိုင်ကြောင်း တပ်အရာရှိတွေက ခြိမ်းခြောက်တာတွေ ပြုလုပ်ထားတယ်လို့ စစ်တပ်မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ စစ်သားတွေနဲ့ မိသားစုဝင်တွေကို တပ်ပြင် ထွက်ခွင့်ပိတ်ထား ပြီး မဖြစ်မနေ အရေးကြီးကိစ္စနဲ့ တပ်ပြင်ထွက်ခွာပါက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထွက်ခွာဖို့ ညွှန်ကြားထားပါတယ်။

အခုနောက်ပိုင်း မှာတော့ ဘယ်လို အကြောင်းကိစ္စမျိုးနဲ့မဆို တပ်ပြင်ပထွက်ခွင့်မပေးတော့ပဲ အထက်အရာရှိ အဆင့်ဆင့်ရဲ့ ခြိမ်းခြောက်တာ ခံရနေရတယ်လို့ မွန်ပြည်နယ်မှ စစ်တပ်မိ သားစုဝင်တစ်ဦးက ပြောပါတယ်။

ဒီလို တပ်ပြင်ပ ထွက်ခွင့်ပိတ်ပင်လိုက်တာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ CDM ပြုလုပ်မှာကို စိုးရိမ်နေတာ သိသာထင်ရှားတဲ့ အချက်ဖြစ်တယ်လို့ CDM ပြုလုပ်ထားတဲ့ တပ်မတော်သားတွေက ပြောပါတယ်။

ဒါ့အပြင် ခင်ပွန်းသည်တွေ ရှေ့တန်းစစ်မျက်နှာမှာ ကာလရှည်ကြာတာဝန်ထမ်းဆောင်နေရတာနဲ့ အပြစ်မဲ့ အရပ်သားတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာတွေကို အောက်ခြေစစ်သည်တွေကို လုပ်ဆောင်ခိုင်းနေတဲ့ အပေါ်မှာလည်း တပ်မိသားစုဝင်တွေကိုယ်တိုင် စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှု တွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တပ်တွင်းကနေ ထွက်ပြေးနေချင်ပေမယ့်လည်း ရှေ့တန်းထွက်နေကြရတဲ့ ခင်ပွန်းစစ်သည်မျက် နှာတွေကို ထောက်ထားနေရတာမို့ စစ်သားမိသားစုဝင်အများစုက ဆက်ပြီးသည်းခံ နေကြရတယ်လို့ တပ်တွင်း မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့အတူပူးပေါင်းပြီး CDM ပြုလုပ်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲနဲ့ စစ်သား စုစုပေါင်းဦးရေ ၁၀,၀၀၀ ကျော်ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနှစ် ဧပြီလထဲမှာ ကြေညာထားပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...