စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်လို့ NUG ယာယီသမ္မတ ပြော

စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်လို့ NUG ယာယီသမ္မတ ပြော

လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက် ရှာဖို့လုပ်ဆောင်မယ့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။

ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ပြီး ဆန့်ကျင်မယ်ဆိုတဲ့ အဆင့်ထက် ကျော်လွန်စဉ်းစားထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကို သူတို့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားသလို စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်ပြီး ရွေး ကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတာတွေရှိနေတယ်လို့ ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေ ပိုများလာပြီး နောက် စစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ ပြည်သူတွေကို မဲမဲမြင်ရာ စွတ်ရမ်းနေတယ်လို့လည်း အစိုးရအဖွဲ့အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာက အကူအညီတွေ ပေးနေပေမယ့် စစ်ကောင်စီကို ကျော်ပြီး လူထုဆီကိုအရောက်ကူညီဖို့ အကန့်အသတ်တွေ တွေ့နေရတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အထူး အာရုံစိုက် ပြီးဖြေရှင်းဖို့လည်း ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

NUG အစိုးရက တစ်နှစ်အတွင်းတော်လှန်ရေးကို အပြီးသတ်ဖို့ လုပ်ဆောင်ထားပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...