လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခံနေရလို့ ဒီမော့ဆိုစစ်ရှောင်တွေ ကတုတ်ကျင်းတူးပြီး ပုန်းခိုနေရ

လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခံနေရလို့ ဒီမော့ဆိုစစ်ရှောင်တွေ ကတုတ်ကျင်းတူးပြီး ပုန်းခိုနေရ

ကယားပြည်နယ်၊ ဒီမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေကို စစ်ကောင်စီတပ်က လက် နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ ကတုတ်ကျင်းတွေထဲမှာ အချိန်တိုင်းပုန်းနေရတယ်လို့ ဒီမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၈) ရက်နေ့ညပိုင်းက ဒီမော့ဆိုရဲစခန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ဟာ စစ်ရှောင်စခန်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲ့ဒီထဲက အမျိုးသမီးငယ်တစ်ဦးက အသက်အန္တရာယ်စိုးရိမ်နေရလို့ အရေးပေါ်ဆေးကုသခံနေရတာပါ။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အချိန်တိုင်း သတိဝီရိယ နဲ့နေဖို့အတွက် တိုက်တွန်းအသိပေးထားတယ်လို့ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်တစ်သိန်းကျော် ရှိနေပြီး အဲ့ဒီနေရာတွေကို လက်နက်ကြီးထိမှန်ခဲ့လို့ ပြည်သူတွေ ထိခိုက်သေဆုံးမှုအများအပြားရှိနေတာ ပါ။

ကရင်နီလူမှုကူညီရေးအသင်းတွေရဲ့ စာရင်းတွေအရ ကရင်နီပြည်နယ်မှာ စစ်ကောင်စီက ရည်ရွယ် ချက်ရှိရှိသတ်ဖြတ်ထားတဲ့ အရပ်သား (၂၇၈) ဦးရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူ သန်းနဲ့ချီရှိနေပြီး သူတို့တွေအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...