ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နှမ်းကြဲနဲ့ ကျေးဇူးတော်ကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၂၀ ထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၃၀ ကျော် ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ နှမ်းကြဲနဲ့ ကျေးဇူးတော် ကျေးရွာထဲကို စစ်ကြောင်းထိုးပြီး ဝင်ရောက် တပ်စွဲ နေထိုင်နေတာ ဖြစ်ပါတယ်။

တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးဇူးတော်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာက ဒေသခံ ၂၀ ထက်မနည်းကို ဖမ်းဆီးပြီးနောက် စစ်ဆေးရေးဂိတ်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေထဲကို ဧည့်စာရင်းအကြောင်းပြပြီး ဝင်ရောက်စစ်ဆေးတာ၊ လမ်းသွားလမ်းလာဆိုင်ကယ်တွေကိုလည်း စစ်ဆေးနေရသလို မသင်္ကာသူတဲ့သူတွေကိုလည်း ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နှမ်းကြဲနဲ့ကျေးဇူးတော်၊ ကရင်ရှင်ထဘီ၊ ရေပုံး၊ ကလုံးထာကျေးရွာတွေက လူငယ်တွေကိုလည်း လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လူငယ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် မိသားစုအလိုက် မြို့ပေါ်နဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) ထိန်းချုပ်မြေနယ်ဖြစ်တဲ့ ထားဝယ်-မြိတ်ခရိုင်၊ ရေဖြူမြို့နယ် ၊ နှမ်းကြဲနဲ့ကျေးဇူးတော်ကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...