ထားဝယ်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၀၀ ကျော် ပြန်လွတ်

ထားဝယ်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၀၀ ကျော် ပြန်လွတ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ဘဝပင်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၁၀၀ ကျော် ပြန်လွတ်လာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ဘဝပင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံတချို့ကို ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာတော့ ဖမ်းဆီးထားတဲ့သူတွေကို သူတို့ တပ်စွဲထားတဲ့ ဘဝပင်ကျေးရွာဘုန်းကြီးကျောင်းပဲ ထားရှိပြီး ပြန်လည် ထွက်ခွာသွားတာပါ။

စစ်ကောင်စီတပ်က ပြန်လည် ထွက်ခွာသွားတဲ့အတွက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေဟာ နေအိမ်ပြန်လာကြပေမယ့် ရိုက်နက်ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒေသခံတွေကိုတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးထားတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ထားဝယ်ဘက်သို့ ပြန်လည် ထွက်ခွာစဉ် အရှေ့တောနယ်ရှိ သတ္တုထုတ်တဲ့ ကုမ္ပဏီဝင်းတစ်ခုထဲကနေ ကုမ္ပဏီပိုင်ကားတွေနဲ့ လက်နက်ကြီးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်း ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာစဉ် လမ်းတစ်လျှောက် လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ပျက်စီးမှု ရှိ မရှိကိုတော့ မသိရသေးပါဘူး။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတာ ဖြစ်ပြီး စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...