မကွေးဝန်ကြီးချုပ် ကိုယ်ရေးအရာရှိ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် သံခြေကျင်းခတ်ပြီး တိုက်ပိတ်ခံရ

မကွေးဝန်ကြီးချုပ် ကိုယ်ရေးအရာရှိ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် သံခြေကျင်းခတ်ပြီး တိုက်ပိတ်ခံရ

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ကိုယ်ရေးအရာရှိ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်ကို စစ်ကောင်စီ လက်အောင်ခံ အကျဉ်းဦးစီးက သံခြေကျင်းခတ်ပြီး တိုက်ပိတ်ထားတယ်လို့ မကွေးအကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက မကွေးဒေါင်းနေထောင်အတွင်း ဒိုင်ယာရီစာရွက်တွေ့ တယ်လို့ဆိုပြီး မကွေးတိုင်းဝန်ကြီးချုပ် ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းနဲ့ ရေနံချောင်းတက္ကသိုလ် ကျူတာဆရာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်ကို အမှုထပ်တိုးပြီး ၄၅ ရက်တိုက်ပိတ်ထားတာ ဖြစ်ပါတယ်။

"အမှူတွေထပ်တိုးတယ်၊တိုးတဲ့အမှူတွေတော့မသိရသေးဘူး၊ ခြေကျင်းခတ်တယ်၊ တစ်ပေ ဒေါက်ထည့်တယ်၊ သူတို့မှာက သွားရလာရ နေရထိုင်ရ စားရသောက်ရတာ အင်မတန်မှ ဆင်းရဲ ဒုက္ခတွေကြုံနေရတယ်၊ရေချိုးတာအိမ်သာတက်တာကအစ ဒေါက်ဖြုတ်မပေးဘူး"လို့ မကွေးအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းကို စစ်ကောင်စီက သဘာဝဘေးစီမံ ခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ (၂၅) နဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ထောင်ဒဏ် (၃) အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကျင်းပတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေဟာ အစာရေစာဖြတ်တောက်ခံရတာနဲ့ ခွေးလို တစ်ညလုံးအူခိုင်းခဲ့တာတွေ လုပ်ခံထားရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီအရာရှိ မင်းလွင်ဦးဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးကျဉ်းသားတွေအပေါ် မတရားဖိနှိပ်ညှဉ်းပန်းနှိပ်စက်နေသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်သတ်ဖြတ်ခံရတာကြေင့် ကျဆုံးခဲ့သူ (၂၂၇၃) ဦးထိ ရှိလာပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၅၀၀၀ ကျော်ထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ထုတ်ပြန်ထားပါတယ်

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...