ထားဝယ်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ် ရိုက်နက်ညှဉ်းပန်းနှိပ်စက်နေ

ထားဝယ်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ် ရိုက်နက်ညှဉ်းပန်းနှိပ်စက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အရှေ့တောနယ် တိုက်ပွဲအတွင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ရိုက်နက်ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြန်လည် လွတ်မြောက်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ထားဝယ်အရှေ့တောနယ် ဘဝပင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲမှာ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အမျိုးသမီးနဲ့ကလေးငယ်သူတွေ အပါအဝင် ဒေသခံ ၁၃၀ ကျော်ကို ကျေးရွာဘုန်းကြီးကျောင်းအတွင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲက လူငယ်တွေနဲ့ သက်လတ်ပိုင်း အမျိုးသားတွေကို လက်ပြန်ကြိုးတုပ်ပြီး စစ်ဖိနပ်တွေနဲ့ကန်တာ၊ ထိုးကြိတ်တာ၊ သေနတ်ဒင်နဲ့ထုထောင်းတာ၊ ကြိုးတွေနဲ့ ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်နေတာပါ။

"သူတို့ မသင်္ကာတဲ့ သူတွေကို ရိုက်နှက်စစ်ဆေးတယ်၊ PDF စခန်းတွေ ဘယ်မှာရှိလဲ၊ PDF အဖွဲ့ဝင်တွေက ဘယ်သူတွေလဲ၊ အဲဒါမျိုးတွေ မေးပြီး ရိုက်တာ၊ ထွက်ပြေးလွတ်မြောက်လာတဲ့ သူတွေရဲ့ ပြောပြချက်အရဆို အဲလို ရိုက်နှက်စစ်ဆေးခံရတဲ့သူ တော်တော်များတယ်''လို့ ထားဝယ်အရှေ့တောနယ် PDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သူတို့စားသောက်ဖို့အတွက် ကျေးရွာထဲက နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ရှာဖွေပြီး ရရှိလာတဲ့ စားသောက်စရာတွေကို ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ချက်ပြုတ်ခိုင်းပြီး စားသောက်နေသလို ဖမ်းဆီးထားတဲ့သူတွေကိုလည်း လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘဝပင်ကျေးရွာဘုန်းကြီးကျောင်းအတွင်း ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ထားဝယ်ဘက်ကို ပြန်လည်ထွက်ခွာဖို့ စစ်ကူစောင့်ဆိုင်းနေပြီး ပြန်လည်ထွက်ခွာချိန်မှာ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို လူသားဒိုင်အဖြစ် အသုံးပြုသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဘဝင်ပင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦး ထက်မနည်းသေဆုံးထားပြီး ဒေသကာကွယ်ရေးတပ်အဖွဲ့တွေဘက်က ထိခိုက်တာမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...