ရေးမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

ရေးမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အေးကမ္ဘာနဲ့ဘေးလမိုင်းကျေးရွာအကြားမှာ သြဂုတ် ၃၁ ရက်နေ့ မနက် ၆ နာရီလောက်က ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သံဖြူဇရပ်မြို့နယ်ဘက်ကနေ ရေးဘက်ကို မောင်းနှင်းလာတဲ့ ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ် နဲ့ ပူးပေါင်းအဖွဲ့တွေက ခြုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီယာဉ်တနကို ခြုံခိုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပါဘူး။

ဒေသခံတွေကတော့ မနက်အစောပိုင်းမှာ သေနတ် ပစ်ခတ်သံတွေ ကြားရကြောင်းနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ အရှိန်အပြင်း မောင်းနှင်းသွားတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့ကလည်း ရေးမြို့နယ် ပိန္နဲတောကျေးရွာနဲ့ ရွာသာအေးရွာ အကြားမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိထားတယ်လို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က အထူးလုံခြုံရေး တင်းကြပ်ထားရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...