ဖမ်းဆီးခံထားရတဲ့ ရှမ်းနီဦးဇင်း အရှင်သူရိယ နှင့် ဒေသခံများ ပြန််လည်လွှတ်မြောက်

ဖမ်းဆီးခံထားရတဲ့ ရှမ်းနီဦးဇင်း အရှင်သူရိယ နှင့် ဒေသခံများ ပြန််လည်လွှတ်မြောက်

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာမှာ ဩဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခံရတဲ့ ဦးဇင်း အရှင်သူရိယ အပါအဝင် ဒေသခံအများအပြားကို PDF တွေ ပြန်လွှတ်ပေးခဲ့ပြီလို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ကြောင်လည်ကျေးရွာမှာ သီတင်းသုံးနေတဲ့ အရှင်သူရိယက ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းမှာ လွှတ်မြောက်လာခဲ့တာဖြစ်ပြီး ၊ ဖမ်းဆီးခံထားရတဲ့ ပင်ပုံကျေးရွာသား ၁၅ ဦးကိုလည်းအဲ့ဒီနေ့ညနေပိုင်းမှာ ပဲ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပင်ပုံကျေးရွာက လူငယ် ၁၅ ဦးကို SNA နဲ့ မပတ်သက်ဖို့ခံဝန်လက်မှတ်ထိုးခိုင်းတာ ဖြစ်တယ် လို့လည်းသိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့မှာပဲ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ နန့်သောင်ကျေးရွာ သူနှစ်ဦးကိုလည်း မနေ့ကဩဂုတ်လ ၂၅ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သူ့တို့မိသားစုတွေကနေ သိရပါတယ်။

“ ဟုတ်တယ် ရွာထဲမှာပဲ ဖမ်းသွားတာ။ ခုနကတော့ အိမ်မှာရောက်နေပြီတဲ့ “ လို့ ဖမ်းဆီးခံရ တဲ့ နန့်သောင်ရွာသူ တစ်ဦးရဲ့ အမျိုးသားက အတည်ပြုပါတယ်။

လက်ရှိအချိန်မှာ ပင်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း ၊ ကျောင်းဆရာ အောင်ပန်း နဲ့ ဒေသခံတစ်ဦးကတော့ လွှတ်မြောက်လာခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...