ဖမ်းဆီးခံထားရတဲ့ ရှမ်းနီဦးဇင်း အရှင်သူရိယ နှင့် ဒေသခံများ ပြန််လည်လွှတ်မြောက်

ဖမ်းဆီးခံထားရတဲ့ ရှမ်းနီဦးဇင်း အရှင်သူရိယ နှင့် ဒေသခံများ ပြန််လည်လွှတ်မြောက်

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာမှာ ဩဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခံရတဲ့ ဦးဇင်း အရှင်သူရိယ အပါအဝင် ဒေသခံအများအပြားကို PDF တွေ ပြန်လွှတ်ပေးခဲ့ပြီလို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ကြောင်လည်ကျေးရွာမှာ သီတင်းသုံးနေတဲ့ အရှင်သူရိယက ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းမှာ လွှတ်မြောက်လာခဲ့တာဖြစ်ပြီး ၊ ဖမ်းဆီးခံထားရတဲ့ ပင်ပုံကျေးရွာသား ၁၅ ဦးကိုလည်းအဲ့ဒီနေ့ညနေပိုင်းမှာ ပဲ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပင်ပုံကျေးရွာက လူငယ် ၁၅ ဦးကို SNA နဲ့ မပတ်သက်ဖို့ခံဝန်လက်မှတ်ထိုးခိုင်းတာ ဖြစ်တယ် လို့လည်းသိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့မှာပဲ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ နန့်သောင်ကျေးရွာ သူနှစ်ဦးကိုလည်း မနေ့ကဩဂုတ်လ ၂၅ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သူ့တို့မိသားစုတွေကနေ သိရပါတယ်။

“ ဟုတ်တယ် ရွာထဲမှာပဲ ဖမ်းသွားတာ။ ခုနကတော့ အိမ်မှာရောက်နေပြီတဲ့ “ လို့ ဖမ်းဆီးခံရ တဲ့ နန့်သောင်ရွာသူ တစ်ဦးရဲ့ အမျိုးသားက အတည်ပြုပါတယ်။

လက်ရှိအချိန်မှာ ပင်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း ၊ ကျောင်းဆရာ အောင်ပန်း နဲ့ ဒေသခံတစ်ဦးကတော့ လွှတ်မြောက်လာခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...