ပြည်သူတွေကို ကာကွယ်ပေးဖို့ထက် ရဲတွေဟာသူတို့လုံခြုံရေးကို ပြန်စိုးရိမ်နေကြတယ်လို့ ဥပဒေပညာရှင်တွေဝေဖန်

ပြည်သူတွေကို ကာကွယ်ပေးဖို့ထက် ရဲတွေဟာသူတို့လုံခြုံရေးကို ပြန်စိုးရိမ်နေကြတယ်လို့ ဥပဒေပညာရှင်တွေဝေဖန်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပေမယ့် စစ်ကောင်စီလက်အေက်ခံ ရဲတပ်ဖွဲ့ကတော့ သူတို့ရဲ့ လုံခြုံရေးကိုစိုးရိမ်ပြီး ပြည်သူတွေကို ကာကွယ်ပေးတာမရှိတော့ဘူးလို့ ဥပဒေပညာရှင်တွေက ဝေဖန်ခဲ့ပါတယ်။

ပြည်သူတွေဟာ အပြင်ထွက်ချိန်တွေမှာ ပိုက်ဆံအိတ်၊လက်ကိုင်ဖုန်းတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ နေ့စဉ်လုယက်ခံနေရတာ အများပြည်သူသုံးဘတ်စ်ကားလိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတာ အုပ်စုဖွဲ့လုယက်ခံရတာတွေကြုံတွေ့နေရပါတယ်။

ဒါဟာစစ်ကောင်စီက နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးထားတဲ့ သူတွေကို ထိန်းသိမ်းထားဖို့နေရာမရှိတော့တဲ့အချိန် မှာ ထောင်ထဲမှာရှိတဲ့ ခိုးဆိုးလုနှိုက်တွေနဲ့ ရာဇဝတ်မှုတွေနဲ့ အပြစ်ကျခံနေရသူတွေကို လွတ်ငြိမ်းချမ်း သာခွင့်ခေါင်းစဉ်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အကျိုးဆက်တွေကို ပြည်သူတွေ ခံစားနေရတာလို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဝေဖန်ပါတယ်။

“ တတ်နိုင်ရင်ရဲတွေက အပြင်မထွက်ဘူးဗျ။ စခန်းထဲမှာပဲနေနေတယ်။ ပစ်ခတ်ခံရမှာလည်း စိုးရိမ်တယ်။အရင်တုန်းကတော့ သူတို့တစ်ယောက်စ နှစ်ယောက်စ အပြင်ထွက်တယ် ၊ အခုအချိန်မှာ သူတိူ့အုပ်လိုက်ပဲ အပြင်ထွက်လို့ ရဲတယ်။ နောက်တစ်ခုက အမှုလာရင်ရဲတွေက အမှုဖွင့်ပေးတယ်။ ဒါပေမဲ့ တရားခံလိုက်လံဖမ်းဆီးဖို့ကိစ္စမှာ သူတို့လုံခြုံရေးကကို ပြသနာတက်နေတယ်ပေါ့ ”လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကို မြို့ပြ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးဖို့နဲ့ ဖမ်းမိထားတဲ့ သူတွေကို ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် ရုံးချိန်းကိစ္စတွေမှာ အင်အား အလွန်အကျွံသုံးစွဲနေရတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးကိစ္စတွေမှာ အားနည်းလာတာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

လက်ရှိအချိန်မှာ ရဲစခန်းကိုတိုင်ကြားရမယ့် ပြဿနာ တစုံတရာ ဖြစ်လာရင် ဥပဒေပညာရှင်တွေ ကိုယ်တိုင် ဥပဒေရဲ့ အကာအကွယ်ရဖို့ ခက်ခဲနေတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ် ပါတယ်။

‘‘ဥပဒေစိုးမိုးမှုတို့ ဘာတို့ ဆိုတာက အရင်တုန်းကအခြေအနေတွေကိုပြောတာ ခု မရှိတော့ဘူး။ အဲဒါတွေက ခဏ‌မေ့ထားရမယ့် ကိစ္စတွေဖြစ်နေပြီ။ အခုလည်းမကွေးတိုင်း တရားရုံးထဲဝင်ပြီးတော့ ရှေ့နေသုံးယောက်ရဲ့ ဆိုင်ကယ်သုံးစီးခိုးသွားပါတယ်တဲ့ ။ဘာမှ လုပ်လို့မရပါဘူးတဲ့” လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေကို စစ်တပ်နဲ့ ပူးပေါင်းဖမ်းဆီးနှိပ်စက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကို ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပစ်မှတ်ထား တိုက်ခိုက်ရှင်းလင်း တာတွေဆက် တိုက်လုပ်ဆောင်နေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ လုံခြုံရေးကိုသာ ဂရုစိုက်နေရပြီး ပြည်သူတွေကို ကာကွယ်မှုတွေ မပေးနိုင်တော့တာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ပြည်သူတွေဟာ အပြင်သွားချိန်တွေမှာ အဖိုးတန်လက်ဝတ်လက်စားတွေကို မဝတ်ဆင်ဖို့ နဲ့လက်ကိုင် ဖုန်း တွေကိုကအစ သတိထားပြီး ဂရုစိုက်နေရတယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ခိုးမှုလုယက်မှုတွေနေ့စဉ်လိုလိုဖြစ်ပွားနေတာဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုက အစပြုခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

NLD အစိုးရလက်ထက်မှာ ခိုးမှု၊ လုယက်မှုတွေမဖြစ်သလောက်နည်းပါးပြီး ပြည်သူတွေစားဝတ်နေ ရေး ပြေလည်ခဲ့ပေမယ့် တိုင်းပြည်ကိုလက်နက်နဲ့ ချိန်းခြောက်အနိုင်ကျင့်ခဲ့တဲ့ စစ်ကောင်စီ လက်ထက် မှာတော့ ခိုမှုလုယက်မှု တွေဟာ ရန်ကုန်လိုမြို့ပြမှာ နေ့စဉ်လိုလိုဖြစ်ပွားနေပါတယ်။

သတင်း - သံလွင်တိုင်းမ်

May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...