ဖရူဆိုမြို့နယ်မှာ ဩဂုတ်လအတွင်း စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီ ၁၅ဦးသေဆုံး

ဖရူဆိုမြို့နယ်မှာ ဩဂုတ်လအတွင်း စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီ ၁၅ဦးသေဆုံး

ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို စနိုက်ပါ ပစ်ခတ်မှုကြောင့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ရဲ့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ဩဂုတ်လ ၁၉ရက်နေ့မှာ ပြောပါတယ်။

ဩဂုတ်လ ၁၄ရက်နေ့မှာ ၁ဦး၊ ၁၆ရက်နေ့မှာ ၃ဦး၊ ၉ရက်နေ့မှာ ၁၁ဦး ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၁၄ရက်နဲ့ ၁၆ရက်နေ့ ပစ်ခတ်မှုတွေမှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့ ၊ KNDF Sinper အဖွဲ့ ၊ Loikaw PDF Sinper အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီကို သွားရောက်ပစ်ခတ်မှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ်လ ၉ရက်နေ့ပစ်ခတ်မှုဟာ ဖရူဆိုမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေစဉ်အတွင်း ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာကို စစ်ကြောင်းထိုးလာပြီး ခြေကုတ်ယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်နေ့တွေမှာ ၄ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြပါသေးတယ်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်အချို့ပျက်စီးမှုလည်းရှိခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။

“စစ်ကောင်စီကတော့ အခုလက်ရှိ ဖရူဆိုနဲ့ ဒီးမော့ဆိုဘက်ကို ပြန်ထိုးဖို့ ကြိုးစားနေတယ်။ ဒါပေမယ့်လည်း သူတို့ တိုးမရဘူးဖြစ်နေတယ်။” လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ဖရူဆိုမြို့နယ်၊ ထီးကလူဒေါရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၉ဦး သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဩဂုတ်လ ၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေနဲ့ ဒေသခံညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စစ်ကောင်စီ ပြုတ်ကျရေးအတွက် ပုံသဏ္ဍာန်မျိုးစုံ ၊ တိုက်ခိုက်နည်းမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

Most read this week

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...