ကချင်ပြည်နယ်ထဲမှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက် ၂၇၀၀ ကျော်ရှိ

ကချင်ပြည်နယ်ထဲမှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက် ၂၇၀၀ ကျော်ရှိ

ကချင်ပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့နေရာ ၃၀၀ ကျော်မှာ  မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ရှိနေတယ်လို့ ဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်ရေးအဖွ့  Global Witnessက ဩဂုတ်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီမြေရှားသတ္ထုဒြပ်စင်တွေက ယနေ့ခေတ် ခေတ်မှီစက်ပစ္စည်းတွေအတွက မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး မြေရှားသတ္ထု ထုတ်လပ်ရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလွဲသုံးစားပြုလုပ်မှုတွေ ရှိနေသလို ခေါင်းပုံဖြတ်မှုတွေလည်းရှိနေတယ်လို့ သူတို့အဖွဲ့ကဆိုပါတယ်။

“ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီတွေနဲ့ အစိုးရများအနေနဲ့  ဒီ ပြဿနာများကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်တွင် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် အသုံးပြု နိုင်ကြောင်း သေချာစေရေးအတွက် လိုအပ်ချက်ကို လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေရမယ်” လို့ Gobal Witness အဖွဲ့ကဆိုပါတယ်။

တရုတ်နိုင်ငံက သူတို့ရဲ့ မြေရှားသတ္ထုတူးဖော်မှုလုပ်ငန်းတွေကို သူတို့နိုင်ငံမှာ ရပ်နားပြီး မြန်မာနိုင်ငံအတွင်းနယ်စပ်ဒေသ နဲ့ ဝေးလံတဲ့နေရာတွေဆီကို ပြောင်းရွေ့လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။

ဒီမြေရှားသတ္ထုတွေကနေရတဲ့ အခွန်အခတွေကို  စစ်ကောင်စီတပ်နဲ့  ပြည်သူ့စစ်ဖွဲ့တွေဆီကို တိုက်ရိုက်ပံ့ပိုးမှုတွေရောက်ရှိသွားတယ်လို့ ထုတ်ပြန်ချက်ထဲမှာပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ မြေရှားသတ္ထုတွေကို တရုတ်နိုင်ငံကို ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တန်ချိန်တစ်သိန်းလေးသောင်းကျော်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...