ရန်ကုန်တိုင်းကို တစ်နှစ်ခွဲကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ တိုင်းပြည်သူ့တပ်မဟာက ပြော

ရန်ကုန်တိုင်းကို တစ်နှစ်ခွဲကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ တိုင်းပြည်သူ့တပ်မဟာက ပြော

အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကို တစ်နှစ်ခွဲကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ တိုင်းပြည်သူ့တပ်မဟာ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းကို လှိုင်း ၃ လှိုင်းဖြစ်တဲ့ Rose Wave(နှင်းဆီလှိုင်း) Eagle Wave(လင်းယုန်လှိုင်း)နဲ့ Dragon Wave(နဂါးလှိုင်း)နဲ့ သတ်မှတ်တိုက်ခိုက်သိမ်းပိုက်သွားဖို့ စစ်ရေးဗျူဟာ ချမှတ်ထားတာပါ။

အဲဒီလှိုင်း ၃ လှိုင်းမှာတော့ နှင်းဆီလှိုင်ဟာ ဖောက်ခွဲတိုက်ခိုက်တာ၊ လင်းယုန်လှိုင်းဟာ ဖောက်ခွဲတိုက်ခိုက်မှု ပိုမိုကြီးမားလာနိုင်ပြီး နောက်ဆုံးလှိုင်းဖြစ်တဲ့ နဂါးလှိုင်းမှာတော့ ရန်ကုန်တိုင်းကို သိမ်းပိုက်နိုင်တဲ့ထိ ရည်ရွယ်ထားတာပါ။

လှိုင်း ၃ လှိုင်း စစ်ရေးဗျုဟာ ဟာ ရန်ကုန်တိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ အချုပ်အခြာ အာဏာ ပြန်လည် ရောက်ရှိရေးနဲ့ စစ်ကောင်စီကို အပြီးတိုင် မောင်းထုတ်ဖို့ ဖြစ်တယ်လို့ တိုင်းပြည်သူ့တပ်မဟာ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“ NUG အစိုးရဆီကို အချုပ်အခြာအာဏာ ရရှိသွားစေချင်ပါတယ်။ ပွဲသိမ်းဖြစ်တဲ့ Dragon Wave(နဂါးလှိုင်း) မှာတော့ စစ်ကောင်စီကို ရန်ကုန်တိုင်းကနေ အပြီးအပိုင် မောင်းထုတ်နိုင်အောင် ၊ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့အထိ တိုက်ခိုက်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ကနေ ပြန်လည် ရရှိရေးအတွက် လှိုင်း ၃ လှိုင်းနဲ့ တိုက်ခိုက်ရာမှာ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း ရယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့မှာ သူတို့ ဆောင်ရွက်သွားမယ့် လှိုင်း ၃ လှိုင်း စစ်ရေးဗျူဟာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားပါတယ်။

ရန်ကုန်တိုင်းပြည်သူ့တပ်မဟာအဖွဲ့ကိုတော့ အခုနှစ် ဧပြီ ၂၇ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့ ၁၆ ဖွဲ့နဲ့ စတင်ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...