ရန်ကုန်တိုင်းကို တစ်နှစ်ခွဲကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ တိုင်းပြည်သူ့တပ်မဟာက ပြော

ရန်ကုန်တိုင်းကို တစ်နှစ်ခွဲကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ တိုင်းပြည်သူ့တပ်မဟာက ပြော

အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကို တစ်နှစ်ခွဲကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ တိုင်းပြည်သူ့တပ်မဟာ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းကို လှိုင်း ၃ လှိုင်းဖြစ်တဲ့ Rose Wave(နှင်းဆီလှိုင်း) Eagle Wave(လင်းယုန်လှိုင်း)နဲ့ Dragon Wave(နဂါးလှိုင်း)နဲ့ သတ်မှတ်တိုက်ခိုက်သိမ်းပိုက်သွားဖို့ စစ်ရေးဗျူဟာ ချမှတ်ထားတာပါ။

အဲဒီလှိုင်း ၃ လှိုင်းမှာတော့ နှင်းဆီလှိုင်ဟာ ဖောက်ခွဲတိုက်ခိုက်တာ၊ လင်းယုန်လှိုင်းဟာ ဖောက်ခွဲတိုက်ခိုက်မှု ပိုမိုကြီးမားလာနိုင်ပြီး နောက်ဆုံးလှိုင်းဖြစ်တဲ့ နဂါးလှိုင်းမှာတော့ ရန်ကုန်တိုင်းကို သိမ်းပိုက်နိုင်တဲ့ထိ ရည်ရွယ်ထားတာပါ။

လှိုင်း ၃ လှိုင်း စစ်ရေးဗျုဟာ ဟာ ရန်ကုန်တိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ အချုပ်အခြာ အာဏာ ပြန်လည် ရောက်ရှိရေးနဲ့ စစ်ကောင်စီကို အပြီးတိုင် မောင်းထုတ်ဖို့ ဖြစ်တယ်လို့ တိုင်းပြည်သူ့တပ်မဟာ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“ NUG အစိုးရဆီကို အချုပ်အခြာအာဏာ ရရှိသွားစေချင်ပါတယ်။ ပွဲသိမ်းဖြစ်တဲ့ Dragon Wave(နဂါးလှိုင်း) မှာတော့ စစ်ကောင်စီကို ရန်ကုန်တိုင်းကနေ အပြီးအပိုင် မောင်းထုတ်နိုင်အောင် ၊ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့အထိ တိုက်ခိုက်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ကနေ ပြန်လည် ရရှိရေးအတွက် လှိုင်း ၃ လှိုင်းနဲ့ တိုက်ခိုက်ရာမှာ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း ရယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့မှာ သူတို့ ဆောင်ရွက်သွားမယ့် လှိုင်း ၃ လှိုင်း စစ်ရေးဗျူဟာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားပါတယ်။

ရန်ကုန်တိုင်းပြည်သူ့တပ်မဟာအဖွဲ့ကိုတော့ အခုနှစ် ဧပြီ ၂၇ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့ ၁၆ ဖွဲ့နဲ့ စတင်ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။

ပေးပို့(CJ)
March 28, 2024
မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ရပ်...
March 26, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တစ်ရက်တည်း နှစ်ကြိမ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်...
March 25, 2024
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းမြန်မာနယ်စပ်တွေမှာ အထောက်အထားမဲ့...
March 22, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ...