ဒီးမော့ဆိုအရှေ့ခြမ်းမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်း ပိုးကျ

ဒီးမော့ဆိုအရှေ့ခြမ်းမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်း ပိုးကျ

ယခုနှစ်စိုက်ပျိုးရာသီမှာ စပါးကို အခြောက်စိုက်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ထီးဖိုးကလိုးကျေးရွာအုပ်စု၊ ဒေါ်ကလော်ဒူကျေးရွာအုပ်စုတွေက တောင်သူတွေရဲ့ စပါးခင်းတွေမှာ ပိုးကျတာတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

“ စိုက်ပျိုးထားပြီးတဲ့ စပါးတွေဆိုရင်လည်း ကျနော်တို့ ဒီအချိန်မှာ ပိုးတွေလိုက်နေတယ်။ ရောဂါတွေကျနေတဲ့အချိန်ကျတော့ ကျနော်တို့ တောင်သူတွေအတွက် ကျနော်တို့ ဝမ်းစာအတွက် ကျနော်တို့ တစ်နေ့သာအတွက် ကျနော်တို့ စားမလောက်ဖြစ်မယ်ဆိုရင် ကျနော်တို့ တောင်သူတွေက စိုးရိမ်ပူပန်မှုရှိတယ်။ “ လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

အခုလို စပါးပိုးကျတဲ့အပြင် မိုးရေပုံမှန် မရရှိတာတွေ ရင်ဆိုင်နေရသလို လိုအပ်တဲ့ မြေဩဇာ မထည့်နိုင်ဘူးလို့ ဆိုပါတယ်။

“ မိုးရွာလည်း အချိန်အခါမမှန်ဘူး။ တအားပျက်တယ်။ ဧကနဲ့တွက်ရင် တော်တော်များများပျက်တယ်။ ကျနော်တို့ဟာအပြင် တခြားသူတွေဟာလည်း အများကြီးပျက်တယ်။ ဒီအချိန်ဆို သူတို့ အညွှန့်တွေတက်ရမယ့်အချိန်မှာ စပါးတွေက ပိုးသတ်ဆေးတွေ၊ ဆေးဝါးတွေ လိုအပ်တယ်။ သူတို့ကို မြေဩဇာတွေ သုံးပေးရမယ်။ မသုံးနိုင်တော့ အဲ့ဒီလိုဖြစ်တယ်။ “ လို့ ဒီးမော့ဆိုအရှေ့ခြမ်းဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းတွေဟာ အဆမတန်မြှင့်တက်လာနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် ပုံမှန် မြေဩဇာတစ်အိတ်ဟာ ၄ဆကျော်အထိ ဈေးနှုန်းမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်က တောင်သူအများစုဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး ဝင်ငွေရ အလုပ်အကိုင်လည်း မရှိကြပါဘူး။ စစ်ရှောင်တွေဟာ အလှူရှင်ဆီက ထောက်ပံ့မှုကိုသာ မှီခိုအားကိုးနေရတာပါ။ ဒါ့ကြောင့် တစ်နိုင်တစ်ပိုင် စားသောက်နိုင်ရေးအတွက် စစ်ရှောင်တောင်သူတွေဟာ တတ်နိုင်သလောက် စပါးစိုက်ပျိုးကြပြီး ရိက္ခာစုဆောင်းနေကြတာဖြစ်ပါတယ်။

တစ်နှစ်စာ စားဝတ်နေရေးဖူလုံဖို့အတွက် စစ်ရှောင်စခန်းကနေ နေရပ်ပြန်ပြီး စပါးပြန်လည် စိုက်ပျိုးကြပါတယ်။ ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီး မကြာခဏကျရောက်နေတာကြောင့် စစ်ရှောင်တောင်သူအများစုဟာ ဒီနှစ် စိုက်ပျိုးရာသီမှ ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသလို ပိုးကျတဲ့အတွက်လည်း မစိုက်ပျိုးကြတာလည်းရှိနေပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...