စစ်ကောင်စီဘက်က ယိမ်းယိုင်ပြိုလဲလာနေပြီလို့ NUG ဝန်ကြီးချုပ်ပြောဆို

စစ်ကောင်စီဘက်က ယိမ်းယိုင်ပြိုလဲလာနေပြီလို့ NUG ဝန်ကြီးချုပ်ပြောဆို

အာဏာသိမ်းစစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအရှိန်မြင့်လာနေသလို စစ်ကောင်စီ ဘက်က ယိမ်းယိုင်ပြိုလဲလာနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ(၂၁) ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်(၂၁/၂၀၂၂) မှာ အခုလို ပြောဆိုခဲ့တာပါ။

"စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေသောကြောင့် ကော်မတီ အနေဖြင့် လုပ်ငန်းစဥ်များအား ဖြစ်ပေါ်နေသောအခြေနေများကိုအသုံးချကာ ကြိုးစားဖို့လိုကြောင်း၊ တစ်နှစ်အတွင်းဆောင်ရွက်ခဲ့သော မူဝါဒများ၊လုပ်ငန်စဥ်များနှင့်စီမံဆောင်ရွက်မှုများအပေါ် ထိုက်သင့်သော အတွေ့အကြုံများရရှိပြီးဖြစ်လို့ ဆက်လက်တိုးချဲ့ဒေသများအတွက် စနစ်တကျစီစဥ်ထားရန်လိုကြောင်း” လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိစိုးမိုးနယ်မြေတွေက ဆောင်ရွက်ချက်တွေကို မျက်ခြေမပြတ် စနစ်တကျဆောင်ရွက် ဖို့လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။

ဒီနေ့အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ ပြန်ထောင်စုဝန်ကြီးချုပ်နဲ့ ဗဟိုကော်မတီဒုတိယဥက္ကဌ(၁) အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယပြည်ထောင်စုဝန်ကြီးတွေနဲ့ အမြဲတမ်းအတွင်းဝန်တွေတက်ရောက် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ (၂၀/၂၀၂၂) တုန်းကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်းနိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...