စစ်ကောင်စီဘက်က ယိမ်းယိုင်ပြိုလဲလာနေပြီလို့ NUG ဝန်ကြီးချုပ်ပြောဆို

စစ်ကောင်စီဘက်က ယိမ်းယိုင်ပြိုလဲလာနေပြီလို့ NUG ဝန်ကြီးချုပ်ပြောဆို

အာဏာသိမ်းစစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအရှိန်မြင့်လာနေသလို စစ်ကောင်စီ ဘက်က ယိမ်းယိုင်ပြိုလဲလာနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ(၂၁) ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်(၂၁/၂၀၂၂) မှာ အခုလို ပြောဆိုခဲ့တာပါ။

"စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေသောကြောင့် ကော်မတီ အနေဖြင့် လုပ်ငန်းစဥ်များအား ဖြစ်ပေါ်နေသောအခြေနေများကိုအသုံးချကာ ကြိုးစားဖို့လိုကြောင်း၊ တစ်နှစ်အတွင်းဆောင်ရွက်ခဲ့သော မူဝါဒများ၊လုပ်ငန်စဥ်များနှင့်စီမံဆောင်ရွက်မှုများအပေါ် ထိုက်သင့်သော အတွေ့အကြုံများရရှိပြီးဖြစ်လို့ ဆက်လက်တိုးချဲ့ဒေသများအတွက် စနစ်တကျစီစဥ်ထားရန်လိုကြောင်း” လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိစိုးမိုးနယ်မြေတွေက ဆောင်ရွက်ချက်တွေကို မျက်ခြေမပြတ် စနစ်တကျဆောင်ရွက် ဖို့လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။

ဒီနေ့အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ ပြန်ထောင်စုဝန်ကြီးချုပ်နဲ့ ဗဟိုကော်မတီဒုတိယဥက္ကဌ(၁) အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယပြည်ထောင်စုဝန်ကြီးတွေနဲ့ အမြဲတမ်းအတွင်းဝန်တွေတက်ရောက် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ (၂၀/၂၀၂၂) တုန်းကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်းနိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...