ချောင်းဦးနယ်တွင် စစ်ကောင်စီတပ် တစ်ရက်အတွင်း ကုန်းလမ်း ရေလမ်းတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ချောင်းဦးနယ်တွင် စစ်ကောင်စီတပ် တစ်ရက်အတွင်း ကုန်းလမ်း ရေလမ်းတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို
ချောင်းဦး PDF အဖွဲ့ Photo – ပုံဟောင်းအသုံးပြုထားသည်
ချောင်းဦး PDF အဖွဲ့ Photo – ပုံဟောင်းအသုံးပြုထားသည်

စစ်ကိုင်းတိုင်းဒေသ ချောင်းဦးမြို့နယ် နတ်ရေကန်နှင့်ငါးယုန်ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီယာဉ်တန်းတစ်ခုနှင့် ပခုက္ကူဘက်မှ ချင်းတွင်းမမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်သင်္ဘောကိုတစ်စီ တစ်ရက်အတွင်း ကုန်းလမ်း ရေလမ်း ၂နေရာတွင် Farmer Revolution Force CHU နှင့်မဟာမိတ်တပ်ပေါင်းစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။

ဇူလိုင်လ ၁၉ရက်  နံနက်ပိုင်း ၆နာရီဝန်းကျင်ခန့်တွင် မုံရွာအနောက်မြေက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မြင်းမူးမြို့နယ်ဘက်သို့ ဦးတည်ကာ ထွက်လာသော စစ်ကား ၃စီးယာဉ်တန်းကို ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Farmer Revolution Force CHU ထံမှသိရသည်။

“ပဒေသာမိုင်း၁၀လုံးနဲ့မိုင်းဆွဲတိုက်ခိုက်လိုက်တာဗျ ထိတာကတော့ သုံးစီးလုံးထိတယ်။ ရှေ့ဆုံးကားက အင်အားပိုများတယ်လို့သိထားတော့ အဲ့ကားကိုအဓိကဆော်ထည့်လိုက်တာ။ အဲ့ကားကတော့တော်တော်စုတ်ပြက်သွားတယ်။ ဘေးနားကမျက်မြင်တွေပြောတာက သွေးတွေကိုရဲပြီးပေကျန်နေတာတဲ့။ တချို့ဆိုကြည့်တောင်မကြည့်ရဲကြဘူး။ ၁၂ယောက်ထက်မနည်း သေတယ် ငါးယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီးဆေးရုံတင်ထားရတယ်လို့သိရတယ်”ဟုပြောဆိုသည်။

ထို့နောက် တစ်ရက်တည်းအတွင်း ညနေ၂နာရီဝန်းကျင်တွင် စစ်သင်္ဘောတစ်စီးသည် ပခုက္ကူဘက် မှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာစဉ် မြစ်ကြောင်းတစ်လျှောက်မှ ရွာများရှိသည့်ဘက်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် FRF CHU နှင့် မဟာမိတ်များက မိုင်း၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု FRF CHUမှ တာဝန်ရှိသူတစ်ဦးကထပ်မံပြောဆိုထားသည်။

“ညနေပိုင်း၂နာရီဝန်းကျင်မှာက ရေစကြို မှာတစ်ညအိပ်ပြီး ပြန်တက်လာတဲ့ စစ်သင်္ဘောတစ်စီးကတောက်လျှောက် ဘေးရွာတွေကို စက်ကလေးတွေနဲ့ရမ်းသမ်းပစ်တယ် ကျနော်တို့ကလည်းသတင်းရတာနဲ့ ပြင်ဆင်ပြီး ရှေ့ထွက်ပစ်မိုင်း၁၀လုံးနဲ့ဆော်ထည့်လိုက်တာ အကျအဆုံးကိုတော့အတည်မပြုနိုင်ခဲ့ပေမဲ့ တော်တော်လေးတော့အထိနာသွားတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ယခုရက်ပိုင်းအတွင်း ကုန်းလမ်း ရေလမ်း စစ်ရေးလှုပ်ရှားမူတွေဆက်တိုက်ပြုလုပ်ခဲ့သည်ဟုသိရသည်။

ချောင်းဦး PDF အဖွဲ့ Photo – ပုံဟောင်းအသုံးပြုထားသည်

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...