ချောင်းဦးနယ်တွင် စစ်ကောင်စီတပ် တစ်ရက်အတွင်း ကုန်းလမ်း ရေလမ်းတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ချောင်းဦးနယ်တွင် စစ်ကောင်စီတပ် တစ်ရက်အတွင်း ကုန်းလမ်း ရေလမ်းတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို
ချောင်းဦး PDF အဖွဲ့ Photo – ပုံဟောင်းအသုံးပြုထားသည်
ချောင်းဦး PDF အဖွဲ့ Photo – ပုံဟောင်းအသုံးပြုထားသည်

စစ်ကိုင်းတိုင်းဒေသ ချောင်းဦးမြို့နယ် နတ်ရေကန်နှင့်ငါးယုန်ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီယာဉ်တန်းတစ်ခုနှင့် ပခုက္ကူဘက်မှ ချင်းတွင်းမမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်သင်္ဘောကိုတစ်စီ တစ်ရက်အတွင်း ကုန်းလမ်း ရေလမ်း ၂နေရာတွင် Farmer Revolution Force CHU နှင့်မဟာမိတ်တပ်ပေါင်းစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။

ဇူလိုင်လ ၁၉ရက်  နံနက်ပိုင်း ၆နာရီဝန်းကျင်ခန့်တွင် မုံရွာအနောက်မြေက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မြင်းမူးမြို့နယ်ဘက်သို့ ဦးတည်ကာ ထွက်လာသော စစ်ကား ၃စီးယာဉ်တန်းကို ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Farmer Revolution Force CHU ထံမှသိရသည်။

“ပဒေသာမိုင်း၁၀လုံးနဲ့မိုင်းဆွဲတိုက်ခိုက်လိုက်တာဗျ ထိတာကတော့ သုံးစီးလုံးထိတယ်။ ရှေ့ဆုံးကားက အင်အားပိုများတယ်လို့သိထားတော့ အဲ့ကားကိုအဓိကဆော်ထည့်လိုက်တာ။ အဲ့ကားကတော့တော်တော်စုတ်ပြက်သွားတယ်။ ဘေးနားကမျက်မြင်တွေပြောတာက သွေးတွေကိုရဲပြီးပေကျန်နေတာတဲ့။ တချို့ဆိုကြည့်တောင်မကြည့်ရဲကြဘူး။ ၁၂ယောက်ထက်မနည်း သေတယ် ငါးယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီးဆေးရုံတင်ထားရတယ်လို့သိရတယ်”ဟုပြောဆိုသည်။

ထို့နောက် တစ်ရက်တည်းအတွင်း ညနေ၂နာရီဝန်းကျင်တွင် စစ်သင်္ဘောတစ်စီးသည် ပခုက္ကူဘက် မှ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာစဉ် မြစ်ကြောင်းတစ်လျှောက်မှ ရွာများရှိသည့်ဘက်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် FRF CHU နှင့် မဟာမိတ်များက မိုင်း၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု FRF CHUမှ တာဝန်ရှိသူတစ်ဦးကထပ်မံပြောဆိုထားသည်။

“ညနေပိုင်း၂နာရီဝန်းကျင်မှာက ရေစကြို မှာတစ်ညအိပ်ပြီး ပြန်တက်လာတဲ့ စစ်သင်္ဘောတစ်စီးကတောက်လျှောက် ဘေးရွာတွေကို စက်ကလေးတွေနဲ့ရမ်းသမ်းပစ်တယ် ကျနော်တို့ကလည်းသတင်းရတာနဲ့ ပြင်ဆင်ပြီး ရှေ့ထွက်ပစ်မိုင်း၁၀လုံးနဲ့ဆော်ထည့်လိုက်တာ အကျအဆုံးကိုတော့အတည်မပြုနိုင်ခဲ့ပေမဲ့ တော်တော်လေးတော့အထိနာသွားတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ယခုရက်ပိုင်းအတွင်း ကုန်းလမ်း ရေလမ်း စစ်ရေးလှုပ်ရှားမူတွေဆက်တိုက်ပြုလုပ်ခဲ့သည်ဟုသိရသည်။

ချောင်းဦး PDF အဖွဲ့ Photo – ပုံဟောင်းအသုံးပြုထားသည်

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...