Kaung For You အွန်လိုင်းစာသင်ကျောင်းကိစ္စရပ်မှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာ

Kaung For You အွန်လိုင်းစာသင်ကျောင်းကိစ္စရပ်မှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာ

အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ Kaung For You အွန်လိုင်းစာသင်ကျောင်း တည်ထောင်သူ တစ်ဦး ဖမ်းဆီးခံရပြီးနောက် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က Kaung For You အွန်လိုင်းစာသင်ကျောင်း တည်ထောင်သူ တစ်ဦး ဖမ်းဆီးခံရပြီး အချက်အလက်တချို့ပေါက်ကြားပြီးနောက် အဲဒီအွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာ၊ဆရာမတွေ ဆက်တိုက်ဖမ်းဆီခံရတာပါ။

ဇူလိုင် ၁၆ ရက်နေ့ထိ အဲဒီအွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာ၊ဆရာမ  ၂၀ နီးပါး ဖမ်းဆီးခံထားရပြီး ဖက်ဒရယ်ပညာရေး အွန်လိုင်းစာသင်ကျောင်း ၁၂ ကျောင်းထက်မနည်း လုံခြုံရေးအရ ယာယီရပ်နားလာကြတယ်လို့ ဆိုပါတယ်။

စာသင်ပေးနေတဲ့ CDM ဆရာ၊ဆရာမတွေ ဖမ်းဆီးခံရပြီးနောက် CDM ဆရာ၊ဆရာမတွေ အပါအဝင် ကျောင်းသားမိဘတွေကလည်း စိုးရိမ်ပူပန်မှုတွေ ရှိလာသလို ကြိုတင်ထွက်ပြေး တိမ်းရှောင်တာတွေ ရှိလာခဲ့ပါတယ်။

အခုလို စာသင်ပေးနေတဲ့ CDM ဆရာ၊ ဆရာမတွေကို ဆက်တိုက်ဖမ်းဆီးတာဟာ စစ်ကောင်စီက လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး ဆရာ၊ဆရာမတွေကို ရန်သူလိုသဘောထား နေတာဖြစ်တယ်လို့ ပညာရေးသပိတ်ကော်မတီတွေကလည်း ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနကတော့ အွန်လိုင်းစာသင်ကျောင်းအနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူခဲ့ပြီး စနစ်တကျ မထိန်းသိမ်းနိုင်တာက အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ကိုယ်ရေးအချက်အလက် လုံခြုံခွင့်ကို ချိုးဖောက်မှုဖြစ်တဲ့အတွက် သက်ဆိုင်ရာ ကျောင်းစီမံခန့်ခွဲမှုကော်မတီအနေနဲ့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...