Kaung For You အွန်လိုင်းစာသင်ကျောင်းကိစ္စရပ်မှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာ

Kaung For You အွန်လိုင်းစာသင်ကျောင်းကိစ္စရပ်မှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာ

အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ Kaung For You အွန်လိုင်းစာသင်ကျောင်း တည်ထောင်သူ တစ်ဦး ဖမ်းဆီးခံရပြီးနောက် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က Kaung For You အွန်လိုင်းစာသင်ကျောင်း တည်ထောင်သူ တစ်ဦး ဖမ်းဆီးခံရပြီး အချက်အလက်တချို့ပေါက်ကြားပြီးနောက် အဲဒီအွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာ၊ဆရာမတွေ ဆက်တိုက်ဖမ်းဆီခံရတာပါ။

ဇူလိုင် ၁၆ ရက်နေ့ထိ အဲဒီအွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာ၊ဆရာမ  ၂၀ နီးပါး ဖမ်းဆီးခံထားရပြီး ဖက်ဒရယ်ပညာရေး အွန်လိုင်းစာသင်ကျောင်း ၁၂ ကျောင်းထက်မနည်း လုံခြုံရေးအရ ယာယီရပ်နားလာကြတယ်လို့ ဆိုပါတယ်။

စာသင်ပေးနေတဲ့ CDM ဆရာ၊ဆရာမတွေ ဖမ်းဆီးခံရပြီးနောက် CDM ဆရာ၊ဆရာမတွေ အပါအဝင် ကျောင်းသားမိဘတွေကလည်း စိုးရိမ်ပူပန်မှုတွေ ရှိလာသလို ကြိုတင်ထွက်ပြေး တိမ်းရှောင်တာတွေ ရှိလာခဲ့ပါတယ်။

အခုလို စာသင်ပေးနေတဲ့ CDM ဆရာ၊ ဆရာမတွေကို ဆက်တိုက်ဖမ်းဆီးတာဟာ စစ်ကောင်စီက လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး ဆရာ၊ဆရာမတွေကို ရန်သူလိုသဘောထား နေတာဖြစ်တယ်လို့ ပညာရေးသပိတ်ကော်မတီတွေကလည်း ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနကတော့ အွန်လိုင်းစာသင်ကျောင်းအနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူခဲ့ပြီး စနစ်တကျ မထိန်းသိမ်းနိုင်တာက အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ကိုယ်ရေးအချက်အလက် လုံခြုံခွင့်ကို ချိုးဖောက်မှုဖြစ်တဲ့အတွက် သက်ဆိုင်ရာ ကျောင်းစီမံခန့်ခွဲမှုကော်မတီအနေနဲ့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...