ယိုးချောင်းဒေသတွင် ဆေးရုံမရှိ၍ ဒေသခံများ ကျန်းမာရေး အခက်အခဲကြုံတွေ့

ယိုးချောင်းဒေသတွင် ဆေးရုံမရှိ၍ ဒေသခံများ ကျန်းမာရေး အခက်အခဲကြုံတွေ့

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း ဆေးရုံတစ်ရုံမျှ မရှိခြင်းကြောင့် ဒေသခံများမှာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အခက်အခဲကြုံတွေ့နေကြရသည်။

ကျန်းမာရေးမကောင်းသည့် ဒေသခံများမှာ ဆေးကုသရန်အတွက် ရေကြောင်းခရီးဖြင့် ကန်စောက်သို့ သွားကြ ရပြီး ထိုမှတစ်ဆင့် အပေါက်ဝ၊ ကျောက်တော်နှင့် မြောက်ဦးစသည့် နေရာများအထိ သွားရောက်ပြသနေရသည်။

ထိုသို့ သွားလာရခြင်းကြောင့် အချိန်ကုန်ကျမှု များပြားခြင်းနှင့် လမ်းခရီးအန္တရာယ် ကြုံတွေ့ရခြင်းတို့ကြောင့် ယိုးချောင်းဒေသအတွင်း ဆေးရုံ သို့မဟုတ် ဆေးပေးခန်းများ တည်ဆောက်ပေးရန် ဒေသခံများက တောင်းဆိုနေ ကြသည်။

လီကွိကျေးရွာမှ ဒေါ်လှနုက “ကျမတို့ သမီးဟာ ညည့်ခါ ကလေးမမွေးနိုင်လို့ ဆေးရုံကို ပို့တော့ တောင်မင်း ကုလားကျေးရွာအနီးမှာ ကလေးမွေးတယ်။ ကလေးမွေးတော့ ကန်စောက်ကျေးရွာမှ သူနာပြု (Nurse) တစ်ဦးဆီမှာ ပြရပါတယ်။ သူမကို ပြတော့ အဆင်မပြေဘူး။ ဆေးကုသမှု ခံယူတော့လည်း ကျန်းမာရေး မကောင်းဘူး။ ကလေးက အတက်ရောဂါဖြစ်တော့ ကျောက်တော်နယ်ဖက်က ဆေးခန်းတစ်ခုကို သွားပြရ ပါတယ်” ဟု DMG သို့ ပြောသည်။

ပြီးခဲ့သည့်အပတ်က ယိုးချောင်းဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားချိန်၌ ၎င်း၏သမီးမှာ ကလေးမွေးရန်အတွက် ကျောက်တော်သို့ စက်လှေဖြင့် ဆင်းလာစဉ် ယိုးချောင်းအတွင်း စက်လှေပေါ်၌ပင် မွေးဖွားခဲ့ရသည်။

ထိုမှတစ်ဆင့် နေမကောင်းဖြစ်ကာ ကန်စောက်သို့ရောက်ရှိပြီး လက်ရှိတွင် ကျောက်တော်မြို့နယ်၌ ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ဆိုသည်။

ယိုးချောင်းဒေသသည် ဝေးလံခေါင်သီပြီး ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အဓိကအားထားနေရသဖြင့် အရေးပေါ်လူနာများအတွက် များစွာ အခက်အခဲဖြစ်စေသည်။

“ကျနော်တို့ ကျေးရွာမှာ ရေမကြီးတဲ့အချိန်ကပင် ကျန်းမာရေးကဏ္ဍနဲ့ဆိုရင် အခက်အခဲများစွာ ရှိပါတယ်။ အိမ်တစ်အိမ်မှာ လူတစ်ယောက်က ငှက်ဖျား ၃ ကြိမ်ဖြစ်၊ ၄ ကြိမ် ဖြစ်ပါတယ်။ ကျေးရွာထဲက ငှက်ဖျား လုပ်သားတစ်ဦးကလည်း အခြေခံအဆင့်လောက်ပဲ သိတော့ အခက်အခဲတွေ ရှိပါတယ်” ဟု ယိုးချောင်းဒေသခံ ကိုကျော်အေးက ပြောသည်။

ယိုးချောင်း အထက်ပိုင်းဒေသတွင် ပန်းဖဲချောင်း၊ ကန်စောက်၊ ကန်သုံးဆင့်၊ အောက်လာ၊ လမုကိုင်း၊ သလူချောင်း၊ ပညာဝ၊ လီကွိနှင့် ခမောင်း စသည့် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဆေးရုံလုံးဝ မရှိသေးပေ။

ထို့ကြောင့် ငှက်ဖျားနှင့် တုတ်ကွေးစသည့် ရောဂါများ အဖြစ်များနေပြီး ဆေးရုံသို့ အချိန်မီ မရောက်ရှိနိုင်ခြင်း ကြောင့် နှစ်စဉ် သေဆုံးမှုများလည်း ရှိနေသည်။ ယိုးချောင်းဒေသသည် လက်ရှိတွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်တွင် တည်ရှိသည်။

သို့ဖြစ်ပါ၍ ကန်စောက် သို့မဟုတ် သလူချောင်းကဲ့သို့သော ကျေးရွာများတွင် ဆေးရုံ သို့မဟုတ် ထိရောက်သည့် ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် အရေးပေါ် လိုအပ်သော ဆေးဝါးများကို တတ်နိုင်သည့်ဘက်မှ ကူညီ ထောက်ပံ့ပေးကြရန် ဒေသခံများက တောင်းဆိုထားကြသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...