အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် နွေဦးတက္ကသိုလ်တို့ တွေ့ဆုံပြီး ပညာရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်များဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် နွေဦးတက္ကသိုလ်တို့ တွေ့ဆုံပြီး ပညာရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်များဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် နွေဦးတက္ကသိုလ်တို့ တွေ့ဆုံပြီး ပညာရေးအတွက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဥ်များဆွေးနွေးခဲ့သည်ဟု နွေဦးတက္ကသိုလ်က သတင်းထုတ်ပြန်သည်။

အရှေ့တောင်အာရှခရီးစဥ်အဖြစ်လာရောက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလက်ကင်သည် ဇူလိုင် ၁၀ ရက်က ထိုင်းသို့ရောက်ရှိစဥ် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့်တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် နွေဦးတက္ကသိုလ်မှ ကိုယ်စားလှယ်လူငယ်တစ်ဦးလည်းပါဝင်ခဲ့ပြီး ဆွေးနွေးခဲ့သည်ဟု နွေဦးတက္ကသိုလ်က ထုတ်ပြန်သည်။

ယင်းသို့ဆွေးနွေးရာတွင် ၂၀၂၁ အာဏာသိမ်းမှုအပြီး ပညာရေးအခြေအနေများ၊ ယခုထိအားကောင်းနေဆဲ ပညာရေး CDM ဆရာ ဆရာမများ၊ ကျောင်းသားများနှင့် ဝန်ထမ်းများ၏ အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပညာရေးအစီအစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မကြာမီကာလများတွင် မြန်မာနိုင်ငံတွင်းမှ အင်တာနက် မရရှိသော နေရာဒေသများ၌ မြေပြင်ပညာရေးသင်ကြားနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မိတ်ဖက်များမှ ကူညီနိုင်သည်များကို အားဖြည့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နွေဦးတက္ကသိုလ်က ထုတ်ပြန်သည်။

နွေဦးတက္ကသိုလ်မှာ စစ်ကောင်စီလက်အောက်တွင် ပညာသင်ကြားလိုခြင်းမရှိသူများ၊ CDM ဆရာ ဆရာမအချို့က ပညာသင်ကြားပေးနေသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။

စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်များ၊ နိုင်ငံခြားဘာသာများ၊ လူမှုစီးပွားဘာသာရပ်များကိုလည်း သင်ကြားပေးနေပြီး ရရှိသည့် ရန်ပုံငွေများကို CDM ဆရာ၊ ဆရာမများကို ထောက်ပံ့ပေးလျက် ရှိသည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...