မင်းတပ်မြို့တွင် လေကြောင်းမှကြဲချသည့် မပေါက်ကွဲသေးသည့် ဗုံးဆန်များ CDFမင်းတပ်မှ ဖယ်ရှားရှင်းလင်း

မင်းတပ်မြို့တွင် လေကြောင်းမှကြဲချသည့် မပေါက်ကွဲသေးသည့် ဗုံးဆန်များ CDFမင်းတပ်မှ ဖယ်ရှားရှင်းလင်း

မင်းတပ်မြို့နယ်အတွင်းရှိ ချပ်ရွာထဲ ဇူလိုင်လ ၂ ရက်နေ့ က ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးအလုံး ၂၀နီးပါးကြဲချခဲ့ပြီးနောက် မပေါက်ကွဲသေးသည့် ဗုံးဆန်များကို  ဇူလိုင် ၆ရက်‌နေ့တွင် ဒေသခံကာကွယ်ရေးတပ်(CDF)မင်းတပ်မှ တစ်စစီဖြုတ်ပြီး ဖယ်ရှားရှင်းလင်းပစ်ခဲ့သည်ဟု သိရသည်။

ချပ်ရွာထဲတွင် မပေါက်ကွဲသေးသည့် ဗုံးဆန်အများအပြားရှိနေသည့်အတွက် ကျေးရွာနေပြည်သူများ ထိတ်လန့်နေကြပြီး အချိန်မရွေး ပေါက်ကွဲနိုင်ခြင်းကြောင့် CDFမင်းတပ်မှ လာရောက်ဖယ်ရှား ရှင်းလင်းပေးခြင်း ဖြစ်သည်။

''ကျွန်တော်တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ကြီးတဲ့ဗုံးဆန် မမြင်ဖူးဘူး၊ကျွန်တော်တို့ရွာလေးကို အမြစ်ပြတ် တစ်ရွာလုံး ကလေး၊လူကြီးပါမကျန်အောင် ရှင်းပစ်တာနဲ့ တူပါတယ်။အခု အဲဒီမပေါက်သေးတဲ့ ဗုံးဆန်တွေကိုCDF မင်းတပ်ကနေ လောလောဆယ်မှာ သုံးလုံးကို ဖယ်ရှားပေးနိုင်ခဲ့တယ်။ တချို့ကြတော့ လူနေအိမ်နားမှာ မကျဘဲ တောထဲမှာ ကျတဲ့အလုံးတွေရှိတယ်၊ အဲဒါတွေကိုလည်း ရွာသားတွေက နေရာလာပြောလို့ သိထားပြီးပါပြီ''ဟု ချပ်ရွာသားတစ်ဦးက ပြောသည်။

မင်းတပ်မြို့နယ် ချပ်ရွာ၊ တွီရိန်နှင့် စွန်တောင်ကျေးရွာတို့ကို ဇူလိုင်လ ၂ ရက်နေ့က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ပြည်သူလေးဦး အသက်ဆုံးရှုံးခဲ့ပြီး ၊ ၁၄ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာ ချပ်ရွာ အတွင်းရှိ လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...