မတ္တရာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့်ပစ်သတ်ခံရ

မတ္တရာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ကြာပင်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီး ဖြစ်သူတို့  ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက စျေး၀ယ်ပြီးအိမ်အပြန်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

“ကြာပင်က အုပ်ကြီးနဲ့သူ့မိန်းမအသတ်ခံရတာပါ။ မတ္တရာကနေ အိမ်ပြန်လာတာကို ဆိုင်ကယ်နဲ့လူနှစ်ယောက်က နောက်ကနေ လိုက်ပစ်တာပါ။ နှစ်ယောက် စလုံးသေပါတယ်” ဟု မတ္တရာမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြော သည်။

ကြာပင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့်ဇနီးဖြစ်သူ ဒေါ်အေးသင်းခိုင်တို့သည်  နံနက် ၁၁ နာရီခန့်က မတ္တရာမြို့မှ စျေး၀ယ်ပြီးအိမ်ပြန်လာစဉ် ကင်းကျေးရွာနှင့် ကျောက်ဆည်လေးကျေးရွာအကြား၌ နောက် မှလိုက်လာသည့် ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးက အနီးကပ် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

မတ္တရာမြို့နယ်တွင် ထို့နေ နံနက် ၆ နာရီခွဲခန့်ကလည်း မြောင်းသစ်ကျေးရွာနေ ဦးထွန်းထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဖြူတို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

၎င်းတို့အား မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့်သတ်ဖြတ်သွားခြင်းကိုမူ မဇ္ဈိမအနေဖြင့် မသိရသေးပေ။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...