သေနတ်ဖြင့်ပစ်ခံရသော ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အများပြည်သူမြင်ကွင်းတွင် ပြန်လည်ထွက်ပေါ်လာ

သေနတ်ဖြင့်ပစ်ခံရသော ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အများပြည်သူမြင်ကွင်းတွင် ပြန်လည်ထွက်ပေါ်လာ
ဓာတ်ပုံ- ဗဟိုဘဏ်နှစ် (၇၀) ပြည့်အခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ကကျင်းပရာ ရှေ့တန်းအလယ်နားတွင်ထိုင်နေသော ဒေါ်သန်းသန်းဆွေ (ဘယ်ဘက်မှရေတွက်လျှင် ရှစ်ယောက်မြောက်)
ဓာတ်ပုံ- ဗဟိုဘဏ်နှစ် (၇၀) ပြည့်အခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ကကျင်းပရာ ရှေ့တန်းအလယ်နားတွင်ထိုင်နေသော ဒေါ်သန်းသန်းဆွေ (ဘယ်ဘက်မှရေတွက်လျှင် ရှစ်ယောက်မြောက်)

နေအိမ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသော ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို အများပြည်သူမြင်ကွင်းတွင် ပြန်လည်ထွက်ပေါ်လာသည်ကိုတွေ့ရသည်။

ဇူလိုင်လ ၁ ရက်နေ့ကကျရောက်သော ဗဟိုဘဏ်၏ နှစ် (၇၀) ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်တွင်ပြုလုပ်ရာ ဒေါ်သန်းသန်းဆွေလည်းပါဝင်တက်ရောက်သည်ကို စစ်ကောင်စီ၏ဝါဒဖြန့် MRTV က ထုတ်ပြန်သည်။

ဧပြီလ ၇ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန်အိမ်ရာ တိုက် (၅)၊ သုံးလွှာ၊ အခန်း (၁၄)တွင် အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းသန်းဆွေက အခန်းတခါးဖွင့်ပေးစဉ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရာက ဒဏ်ရာရရှိပြီးနောက် မင်္ဂလာဒုံစစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ရသည်။

ပစ်ခတ်တိုက်ခိုက်မှုပြုသူများမှာ Free Tiger Ranger အဖွဲ့ဝင်များဖြစ်ကြောင်း Radio Free Asia ၏ သတင်းတစ်ပုဒ်တွင်ပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအောက် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် ခုနှစ်လကြာ ပျံလွှားအောင်စစ်ဆင်ရေး၏နောက်ဆုံးစစ်ဆင်ရေးအဖြစ် ဒေါ်သန်းသန်းဆွေကို တိုက်ခိုက်ခဲ့ကြောင်းဖော်ပြခဲ့သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...