စစ်ကောင်စီစခန်း ၅ခုသိမ်းခံရပြီး တပ်ရင်းမှူးသေဆုံး

စစ်ကောင်စီစခန်း ၅ခုသိမ်းခံရပြီး တပ်ရင်းမှူးသေဆုံး

KNU တပ်မဟာ (၃) နယ်မြေရှိ စစ်ကောင်စီစခန်းငါးခုကို သိမ်းယူလိုက်နိုင်သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးသေဆုံးပြီးလက်နက်များသိမ်းဆည်းရမိကြောင်း KNU ကတရားဝင်သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို ဇူလိုင် ၂ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ရင်းမှူးသေဆုံးခဲ့သည့်စခန်းမှာ ကြောင်ပြာစခန်းဖြစ်ပြီး ယင်းစခန်းသိမ်းတိုက်ပွဲတွင် နှစ်ဘက်ထိခိုက်မှုရှိသည်ဟု KNU က ထုတ်ပြန်သည်။

အောင်းလောင်းစိန်စခန်း၊ကျွန်းပင်ဆိပ်စခန်း၊ကော့ပြင်းစခန်းနှင့်ကျောင်းစုစခန်းသိမ်းတိုက်ပွဲများတွင်ပြည်သူ့စစ် လေးဦးသေဆုံးကာ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြောင်း၊ သေနတ် ရှစ်လက် (လက်နက်အမျိုးအစားစိစစ်ဆဲ) နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNU ကဆိုသည်။

စခန်းသိမ်းယူပြီးအပြီးသတ်ရှင်းလင်းရေး လုပ်ဆောင်ချိန်တွင် စစ်ကောင်စီကတိုက်လေယာဥ်များဖြင့် လာရောက်ပစ်ခတ်သဖြင့်အပြီးသတ်ရှင်းလင်းရေးလုပ်ဆောင်ရန်တော့ ကျန်ရှိနေသေးသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ် လေကြောင်းပစ်ကူပေးရာတွင် တိမ်းရှောင်ပြေးလွှားသည့် အရပ်သားများနေရာများအပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စောဘီးချယ်နှင့် မိသားစု စုစုပေါင်း လေးဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီးကျွန်းပင်ဆိတ်ကျေးရွာနေ အသက် ၇၀ နှစ်အရွယ် စောဒိုးကရိုးမှာ ရင်ဘတ်နှင့်ပေါင်တွင်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး စစ်ကူများထပ်မံပို့ဆောင်နေသဖြင့် တိုက်ပွဲများပိုမိုပြင်းထန်မည်ဟု KNU ကသုံးသပ်သည်။

မှန်ကန်သည့်သတင်းအချက်အလက်များကို စစ်ရေးလုံခြုံရေးအရ လိုအပ်သလိုထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်သဖြင့် သတင်းထုတ်ပြန်ချက်များကို လိုက်နာပေးရန် KNU က ထုတ်ပြန်သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...