CDM ကျောင်းသားများအတွက် ပြုလုပ်တော့မည့် ပညာရေးကဏ္ဍတွင် ပါ၀င်နိုင်ရေး ဗ.က.သ စာရင်းကောက်ယူ

CDM ကျောင်းသားများအတွက် ပြုလုပ်တော့မည့် ပညာရေးကဏ္ဍတွင် ပါ၀င်နိုင်ရေး ဗ.က.သ စာရင်းကောက်ယူ

ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတစ်ကျောင်း အပါအဝင် အစိုးရအထက်တန်းကျောင်း ခြောက်ကျောင်း၌ CDM ပြုလုပ်ထားသော ကျောင်းသားများ ကြားကာလပညာရေးကဏ္ဍများ၌ ပါ၀င်နိုင်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ( ဗ.ကသ ) (မြောက်ဒဂုံမြို့နယ်) မှ ဇွန် ၃၀ ရက်တွင် စာရင်းကောက်ယူ လျက်ရှိသည်။

ကျောင်းသား စာရင်းကောက်ယူရာတွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ အမှတ် ( ၁/ ၂/ ၃/ ၄/ ၅/ ) အခြေခံပညာအထက်တန်းကျောင်း ငါးကျောင်း၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း တစ်ကျောင်းနှင့် The Grade Success Private School မှ CDM ပြုလုပ်ထားသော ကျောင်းသားများ၏ စာရင်းအား လက်ခံကောက်ယူသွားမည်ဟုသိရသည်။

“ ကျွန်တော်သိသလောက်က NUG ပညာရေးဝန်ကြီးဋ္ဌာနနဲ့ မြို့နယ်ပညာရေး ဘုတ်အဖွဲ့တွေပူးပေါင်းပြီးတော့ ကြားကာလအခြေခံပညာရေးအတွက်လုပ်နေတဲ့ ကိစ္စတွေရှိပါတယ်။ ဒီအစီအစဉ်တွေထဲမှာ ဗကသများအဖွဲ့ချုပ်အနေနဲ့ ပါ၀င်တာကို ကျွန်တော်မကြားမိဘူး။ ဒါက NUG နဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေနဲ့ သီးသန့်အကောင်အထည်ဖော်နေတဲ့ ကိစ္စတစ်ခုဖြစ်ဖို့များမယ်လို့ ထင်တယ်” ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ကလည်း မှတ်ချက်ပြုသည်။

ထိုသို့စာရင်းကောက်ယူရာတွင် CDM ကျောင်းသားများ၏ အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ ကျောင်းဝင်နံပါတ်၊ CDM စတင်ဝင်ရောက်သောအတန်း၊ တက်ရောက်မည့်အတန်း၊ တက်ရောက်ရာ ကျောင်းအမည်၊ နောက်ဆုံးအောင်မြင်ခဲ့သောအတန်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကိုဖြည့်စွက်၍ မြောက်ဒဂုံမြို့နယ် ဗကသများအဖွဲ့ချုပ် Page Chat Box သို့လည်းကောင်း၊ 09962714294 ဖုန်းနံပါတ်သို့ Message ဖြင့် လည်းကောင်း ပေးပို့နိုင်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် မူလတန်းကျောင်းနှင့် သမဂ္ဂမရှိသေးသော ကိုယ်ပိုင်အထက်တန်းကျောင်းများမှ CDM ပြုလုပ်ထားသည့်ကျောင်းသားများအနေဖြင့်လည်း မိမိတို့နီးစပ်ရာမြို့နယ် အထက်တန်းကျောင်း သမဂ္ဂများတွင် စာရင်းပေးသွင်းနိုင်ပြီး ပေးပို့ထားသောအချက်အလက်များ မပေါက်ကြားစေရန် တာဝန်ယူကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...