နိုင်ငံရေးအမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် မန္တလေးမြို့မှရှေ့နေသုံးဦး ထပ်မံဖမ်းဆီးခံရ

နိုင်ငံရေးအမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် မန္တလေးမြို့မှရှေ့နေသုံးဦး ထပ်မံဖမ်းဆီးခံရ

နိုင်ငံရေးအမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် မန္တလေးမြို့ကရှေ့နေသုံးဦး ဇွန်လ ၂၉ ရက်နေ့ က ထပ်မံဖမ်းဆီး ခံလိုက်ရကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူများအပါအဝင် တရားရေးအသိုင်းအဝန်းမှသိရသည်။

“တစ်ယောက်က ဦးသုတ၊ နောက်တစ်ယောက်က ဦးတင်ဝင်းအောင်။ နှစ်ယောက်လုံးက ၅၀၅ အမှုတွေ လိုက်ပေးနေတဲ့ရှေ့နေတွေပါ။ မနေ့က ထောင်မှာ အမှုစစ်အတွက်သွားရတယ်။ ထောင်ကနေအပြန်မှာ ဖမ်းခံရတာလို့သိရတယ်။ တခြားတော့ ဘာမှမသိရသေးဘူး” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦး အမျိုးသမီးရှေ့နေတစ်ဦးလည်း အဖမ်းခံရကြောင်းသိရပြီး ၎င်းတို့အားဖမ်းဆီးခံရချိန်ကစပြီး ဇွန် ၃၀ ရက်ညနေပိုင်းအထိ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်များက စိုးရိမ်မကင်းဖြစ် နေကြကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဧပြီလ ၂၇ ရက်နေ့ကလည်း တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်နှင့် ရှေ့နေတစ်ဦး အကျဉ်းထောင်မှအပြန်တွင်ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(ည)ဖြင့် စစ်ကောင်စီတရားစွဲအဖွဲ့က အမှုဖွင့်တရားစွဲထားသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...