ဥကရစ်ထတိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာနေခြင်းကြောင့် လေးကေ့ကော် KNLAစခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်

ဥကရစ်ထတိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာနေခြင်းကြောင့် လေးကေ့ကော် KNLAစခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသရှိ KNLAစခန်းကုန်းတစ်ခုကို စစ်ကောင်စီတပ်မှ ဇွန်လ ၂၉ရက်နေ့ ည ၇နာရီခွဲအချိန်ခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်းသိရသည်။

"cobra က ဥကရစ်ထမှာ တိုက်တဲ့အတွက်ကို စစ်ကောင်စီက cobraရဲ့နောက်ကျောကို ထိုးမယ်ပေါ့လေ၊ ထိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ cobraရဲ့ စခန်းကုန်းတစ်ခုကို သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတာပေါ့နော်၊ လက်ခပ်တောင်နဲ့ စွယ်တော်ကုန်းကနေပြီးတော့ အမြှောက်ပစ်ကူပေးတယ်ပေါ့နော်၊ ဒီနေ့ည ၉နာရီ(ဇွန်လ၂၉ရက်)ထိုးအထိ စုစုပေါင်းလက်နက်ကြီး ၂၁ချက်ရှိပြီ" ဟု Cobraစစ်ကြောင်း တာဝန်ခံ ကိုမျိုးသူရကိုကိုမှ ပြောသည်။

စစ်ကောင်စီတပ်သည် ဥကရစ်ထတိုက်ပွဲတွင် KNDO, KNLA, PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ၎င်းတို့ အထိအခိုက်အကျအဆုံးများနေခြင်းကြောင့် လေးကောကော်ဒေသရှိ KNLAစခန်းကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ၂၅ရက်နေ့မှ စတင်ခဲ့သည့် ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီမှ အထိအခိုက်အကျအဆုံးများနေပြီး ဇွန်လ၂၆ရက်မှ စတင်ကာ ယနေ့ထိ စစ်လေယာဥ်များစွာ အသုံးပြု၍ ပစ်ခတ်မှုများ ပြုလုပ်နေသည်။ စစ်တပ်မှ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း KNUတပ်မဟာ(၆)တိုက်ပွဲများတွင် စစ်ကောင်စီမှ လေကြောင်းပစ်ကူ အသုံးပြုသည့် အကြိမ်ရေသည် ဥကရစ်ထတိုက်ပွဲတွင် အများဆုံးဖြစ်ကြောင်း သိရသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...