အင်းတော်ကြီး လောဆွန့်ကျေးရွာ မှာ လျှပ်စစ်မီတာခတွေကို ကြွေးကျန်ဆိုပြီး အဆမတန် ကောက်ခံနေ

အင်းတော်ကြီး လောဆွန့်ကျေးရွာ မှာ လျှပ်စစ်မီတာခတွေကို ကြွေးကျန်ဆိုပြီး အဆမတန် ကောက်ခံနေ

အင်းတော်ကြီးဒေသ ပန်းလားကျေးရွာမှာ လျှပ်စစ်မီတာခတွေကို  ကြွေးကျန်ဆိုပြီး အဆမတန်ကောက်ခံနေတယ်လို့ ဒေသခံကျေးရွာသူ/သားတွေက ပြောပြပါတယ်။

“  အရင်တုန်းက နှစ်ထောင်ကျော်လေးရှိတာ အခုက တစ်သောင်းတက်သွားတာလေ၊ ကျွန်တော့်အတွက်၊ တချို့ကတော့ နှစ်သောင်းကျော်ကနေ တစ်သိန်းကျော် အဲ့လိုဖြစ်သွားတယ်ဆိုတော့ တက်သွားတာပါ့အေ အများကြီး  ပုံမှန်ဆောင်ထားတဲ့သူတောင်ပိုတက်သွားသလိုဖြစ်တာ” လို့ လောဆွန့်ကျေးရွာက ဒေသခံတစ်ဦးက ပြောပြပါတယ်။

မီတာဆောင်ထားတဲ့ စာရွက်တွေမှာ လွန်ခဲ့တဲ့ မေလအထိ ကျေးလက်ဒေသက ပုံမှန်ကျသင့်တဲ့ ထောင်ဂဏန်းသာရှိခဲ့ပြီး ဇွန်လ မီတာကြေးတောင်းခံလွှာမှာ  ကြွေးကျန်ဆိုပြီး  ဆယ်ဆထိမြင့်တက်လာခဲ့တယ်လို့ တွေ့ရပါတယ်။

“  ကြွေးတော့မကျန်ဘူး သူတို့ကတော့ ကြွေးကျန်ဆိုပြီးတော့မှ ပြောတာ ဘယ်လိုကျန်မှန်းတောင်မသိဘူး။ သူတို့လာတောင်းတဲ့အခါ ကျွန်တော်တို့ကတော့ လစဉ်ပေးနေတဲ့ဟာကြီးကို ၊ ကြွေးကျန်ဆိုရင်တောင် အဲ့လောက်တက်သွားတာတော့မဖြစ်လောက်ဘူးလေ” လို့ သူက ဆက်ပြောပြပါတယ်။

ဒီလို အဆမတန်ကောက်ခံလာမှုတွေကိုတော့ ဒေသခံတောင်သူတွေအနေနဲ့ မီတာကြေးဆောင်နိုင်မယ့် ငွေကြေးမတတ်နိုင်ကြဘူးလို့လည်း ပြောဆိုကြပါတယ်။

ဒီလိုဖြစ်ရပ်က လောဆွန့်ကျေးရွာတစ်ခုလုံးအပြင် ရွာဦးဘုန်တော်ကြီးကျောင်းကလည်း သိန်းနဲ့ချီ ကြွေးကျန်ဆိုပြီး တောင်းခံထားတာလို့ဆိုပါတယ်။

လောဆွန့်ကျေးရွာအနီးတဝိုက်က ကျေးရွာတွေမှာတော့ ဒီလိုကြွေးကျန်ကောက်ခံတာမျိုးမရှိဘူးလို့လည်း အဲ့ဒေသခံတွေက ပြောဆိုကြပါတယ်။

အင်းတော်ကြီးဒေသမှာ လျှပ်စစ်မီတာခတွေကို မဆောင်ရင် အပိုင်းလိုက် ဒါမှမဟုတ် တစ်ရွာလုံးကို မီးဖြတ်တောက်မှုတွေကလည်း လွန်ခဲ့တဲ့ လတွေက ပြုလုပ်ခဲ့တာတွေရှိပါတယ်။

မိုးညှင်းမြို့ ကျေးလက်တွေမှာ လျှပ်စစ်မီးကိုအလင်းရောင်အတွက်သာ အဓိကအသုံးပြုကြပြီး ချက်ပြုတ်စားသောက်တဲ့နေရာမှာ အသုံးပြုတဲ့ အရေအတွက်ကအားဖြင့် ၂ ရာခိုင်နှုန်းကျော်သာရှိတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...