မိုးတားလေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

မိုးတားလေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ
 ကသာနယ် မိုးတားကျေးရွာအနီး တိုက်ခိုက်ခံရသော စစ်သင်္ဘော
ကသာနယ် မိုးတားကျေးရွာအနီး တိုက်ခိုက်ခံရသော စစ်သင်္ဘော

ကသာမြို့နယ် မိုးတားလေးရွာအနီး စစ်ကောင်စီ သင်္ဘောတိုက်ခိုက်ခံရမှုတွင် အထိနာခဲ့သော စစ်ကောင်စီတပ်သည် မိုးတားလေး ဒေသခံပြည်သူများကို ဖမ်းဆီး စစ်ဆေးမေးမြန်မှုများ‌ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။

စစ်အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့  နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ကသာ မင်းလယ်ရွာမှ သံခွန်ရေမော်တော်ယာဉ်တစ်စီးဖြင့် မိုးတား‌လေးရွာဘက်သို့ ဆန်တက်လာခဲ့ရာ မိုးတားလေးရွာအနီးတွင် KIA နှင့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အထိနာခဲ့သဖြင့် မိုးတား‌လေးကျေးရွာသို့ ဝင်ရောက်၍ ကလေး မိခင်များ အပါအဝင် ရွာသား ၃၀ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“မိုးတားလေးရွာ နားမှာ ပစ်ခတ်ခဲ့တာပါ။ အဲ့မှာအတော်လေးထိတယ်လို့သိရတယ်။ အဲ့ကြောင့် မော်တော်က အထက်ဆန်နေရာကနေ အောက်ပြန်စုန်လှည့်ပြီးတော့ ရွာနားမှာ သံခွန်မော်တော်ယာဉ်ကပ်ထားပြီ ရွာထဲဝင်ပြီး မွှေနောက်တယ်။ ရွာသား ၃၀ ယောက်ကို ဖမ်းဆီးထားတယ်လို့သိရတယ်။ အဲ့ထဲမှာ အမျိုးသား/သမီးတွေပါတယ်။ ကလေးမိခင်တွေရော ကလေးရင်ခွင်ပိုက်တွေပါ ပါသွားတယ်။ ဘယ်အဖွဲ့ကပစ်တာလည်း အင်အားဘယ်လောက်ရှိလဲအဲ့တာတွေ မေးနေတယ်တဲ့”ဟုပြောဆိုသည်။

ထိုသို့ စောင့်ကြို တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သူ များပြားနိုင်ကြောင်း သိရပြီး ထိခိုက်မှုစာရင်း အတိအကျကို စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သူကဆက်ဆိုထားသည်။

“လက်နက်ကြီး လက်နက်ငယ်တွေနှင့် သံခွန်ကိုလှမ်းပစ်တယ်။ အတော်လည်းထိမှန်ထားတော့ သူတို့ဘက်က အထိခိုက်ကျဆုံးတော့ရှိနိုင်တယ်။ ဘယ်လောက်ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး”ဟုပြောဆိုသည်။

မိုးတားလေးရွာမှ ဒေသခံ ၃၀ ကျော်ကို လက်ရှိ ကျေးရွာတွင်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကျေးရွာနေပြည်သူအများစုက ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရကြောင်းဒေသခံများပြောဆိုချက်မှသိရသည်။

စစ်ကောင်စီတပ်သည် ကသာနယ်တွင် ဧပြီလနောက်ပိုင်းမှစတင်၍ ရေကြောင်းနှင့် ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး KIA၊ PDF တပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိ‌ နေဆဲဖြစ်ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...