မိုးတားလေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

မိုးတားလေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ
 ကသာနယ် မိုးတားကျေးရွာအနီး တိုက်ခိုက်ခံရသော စစ်သင်္ဘော
ကသာနယ် မိုးတားကျေးရွာအနီး တိုက်ခိုက်ခံရသော စစ်သင်္ဘော

ကသာမြို့နယ် မိုးတားလေးရွာအနီး စစ်ကောင်စီ သင်္ဘောတိုက်ခိုက်ခံရမှုတွင် အထိနာခဲ့သော စစ်ကောင်စီတပ်သည် မိုးတားလေး ဒေသခံပြည်သူများကို ဖမ်းဆီး စစ်ဆေးမေးမြန်မှုများ‌ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။

စစ်အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့  နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ကသာ မင်းလယ်ရွာမှ သံခွန်ရေမော်တော်ယာဉ်တစ်စီးဖြင့် မိုးတား‌လေးရွာဘက်သို့ ဆန်တက်လာခဲ့ရာ မိုးတားလေးရွာအနီးတွင် KIA နှင့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အထိနာခဲ့သဖြင့် မိုးတား‌လေးကျေးရွာသို့ ဝင်ရောက်၍ ကလေး မိခင်များ အပါအဝင် ရွာသား ၃၀ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“မိုးတားလေးရွာ နားမှာ ပစ်ခတ်ခဲ့တာပါ။ အဲ့မှာအတော်လေးထိတယ်လို့သိရတယ်။ အဲ့ကြောင့် မော်တော်က အထက်ဆန်နေရာကနေ အောက်ပြန်စုန်လှည့်ပြီးတော့ ရွာနားမှာ သံခွန်မော်တော်ယာဉ်ကပ်ထားပြီ ရွာထဲဝင်ပြီး မွှေနောက်တယ်။ ရွာသား ၃၀ ယောက်ကို ဖမ်းဆီးထားတယ်လို့သိရတယ်။ အဲ့ထဲမှာ အမျိုးသား/သမီးတွေပါတယ်။ ကလေးမိခင်တွေရော ကလေးရင်ခွင်ပိုက်တွေပါ ပါသွားတယ်။ ဘယ်အဖွဲ့ကပစ်တာလည်း အင်အားဘယ်လောက်ရှိလဲအဲ့တာတွေ မေးနေတယ်တဲ့”ဟုပြောဆိုသည်။

ထိုသို့ စောင့်ကြို တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သူ များပြားနိုင်ကြောင်း သိရပြီး ထိခိုက်မှုစာရင်း အတိအကျကို စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သူကဆက်ဆိုထားသည်။

“လက်နက်ကြီး လက်နက်ငယ်တွေနှင့် သံခွန်ကိုလှမ်းပစ်တယ်။ အတော်လည်းထိမှန်ထားတော့ သူတို့ဘက်က အထိခိုက်ကျဆုံးတော့ရှိနိုင်တယ်။ ဘယ်လောက်ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး”ဟုပြောဆိုသည်။

မိုးတားလေးရွာမှ ဒေသခံ ၃၀ ကျော်ကို လက်ရှိ ကျေးရွာတွင်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကျေးရွာနေပြည်သူအများစုက ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရကြောင်းဒေသခံများပြောဆိုချက်မှသိရသည်။

စစ်ကောင်စီတပ်သည် ကသာနယ်တွင် ဧပြီလနောက်ပိုင်းမှစတင်၍ ရေကြောင်းနှင့် ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး KIA၊ PDF တပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိ‌ နေဆဲဖြစ်ပါသည်။

ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ
March 27, 2024
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့ မြို့သစ်၊ ကုန်းလော၊...
အင်းတော်နယ် နန့်တဲမှာ ခရီးသည်ယာဉ်များ ပိတ်ဆို့မှုဖြစ်နေတဲ့ အခြေအနေ
March 27, 2024
မန္တလေးကနေ စစ်ကိုင်း– ကချင်အစပ်ဘက်ကိုတက်လာတဲ့ ကားတွေကိုစစ်ကောင်စီတပ်ဘက်က...
March 25, 2024
မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့...
March 21, 2024
KIO လိုင်ဇာဗဟိုဌာနချုပ် နဲ့ ပါဂျော်ဘွမ့် (Pajau Bum) ကြားမှာရှိတဲ့ နာဖော့ ပါဂျော်ဘွမ့် (Nahpaw...