ဒုချုပ်စိုးဝင်း မပြန်မချင်း တောင်ကြီးမြို့ပေါ်တွင် တိုက်ခိုက်မှုပြုလုပ်မည်ဟု SYM-UGPDF စိန်ခေါ်

ဒုချုပ်စိုးဝင်း မပြန်မချင်း တောင်ကြီးမြို့ပေါ်တွင် တိုက်ခိုက်မှုပြုလုပ်မည်ဟု SYM-UGPDF စိန်ခေါ်

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း မပြန်မချင်း တောင်ကြီးမြို့ပေါ်တွင် အချိန်မရွေး တိုက်ခိုက်မှု ပြုလုပ်မည်ဖြစ်ကြောင်း SYM-UGPDF မှ ဇွန်လ ၂၈ ရက်တွင် အသိပေး စိန်ခေါ်လိုက်သည်။

“အခုလိုသတိပေးတာဟာ ကျွန်တော်တို့ mission လုပ်တဲ့အခါ ပြည်သူတွေထိခိုက်မှာကိုစိုးရိမ်တဲ့အတွက် ကျွန်တော်တို့ရဲ့အန္တရာယ်ကိုရှေ့ထားပြီး သတိပေးတာဖြစ်သလို အာဏာရူးစစ်ခွေးအုပ်စုကို ပေါ်တင်စိန် ခေါ်လိုက်တာပါ" ဟု SYM-UGPDF မှ ရဲဘော်တစ်ဦးက ဆိုသည်။

သို့ဖြစ်၍ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်နေထိုင်သောမိဘပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့်မပတ်သက်ကြရန်၊ ၎င်းတို့နှင့်တွေ့ပါက ရှောင်ကွင်းသွားကြရန် SYM-UGPDF က ထပ်လောင်း အသိပေးထားသည်။

“ဒီနေ့ညတေ့ာ တောင်ကြီးဟိုတယ်မှာ ညစာစားပွဲရှိတယ်။ ထိုင်းက သံတမန်တွေနဲ့လို့ ကြားတယ်။ပြန်မယ့် ရက်ကိုတော့ တပ်ထဲကလူတွေက မသိရသေးဘူးတဲ့”ဟု တောင်ကြီး ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။

အာဏာသိမ်းစစ်ကောင်စီနှင့်ပတ်သက်သော ရုံးအဆောက်အဦးများ၊ စုပေါင်းရုံး၊ လွှတ်တော်၊ တရားရုံးနှင့် ရပခ(အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) အပါအဝင် ၎င်းတို့ အစည်းအဝေးပြုလုပ်မည့်နေရာနှင့် ညစာစားပွဲ ကျင်းပမည့်နေရာ အနီးအနားတို့ကို ဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်မည်ဟုလည်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ရှိသည့် ပတ်ဝန်းကျင်အနီးတစ်ဝိုက် (ကင်းပုန်း၊ မီးပွိုင့်) များကိုလည်း အခါအား လျှော်စွာ ရက်ပိုင်းအတွင်း တိုက်ခိုက်ဖောက်ခွဲမှုများပြုလုပ်မည်ကို သိရှိစေလိုကြောင်း SYM-UGPDF မှပြောသည်။

နောက်နောင်တွင် ရှည်ဝေးစွာအသိပေးခြင်းမျိုး ပြုလုပ်တော့မည် မဟုတ်ကြောင်းကိုလည်း SYM-UGPDF ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယခုကဲ့သို့ကြိမ်ဖန်များစွာ သတိပေးထားသည့်ကြားမှ အသက်အန္တရာယ်ကိုဂရုမပြုဘဲ သွားလာနေစဉ် ထိခိုက်မှုများရှိခဲ့လျှင် SYM-UGPDF မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့် နားလည်ခွင့်လွှတ်ပေးစေလိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ဆုတ်လမ်း၊ လွတ်လမ်းများ၌လည်း အတားအဆီး မပြုလုပ်မိကြစေရန်နှင့် ဆင်ခြင်နိုင်ကြစေရန် အထူးသတိပေးလိုကြောင်း SYM-UGPDF မှ သတင်းထုတ်ပြန်ထားသည်။

တောင်ကြီးမြို့သို့လာရောက်သည့် စစ်ကောင်စီတပ် ဒုတိယခေါင်းဆောင်စိုးဝင်း၏ယာဉ်တန်းကို ရည်ရွယ် ပြီး ဇွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် မြို့မဈေးမီးပွိုင့်အနီး SYM UGPDF မှ မိုင်းဖောက်ခွဲခဲ့ရာ ရဲနှစ်ဦးသေပြီး၊ ယာဉ်ထိန်းရဲနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့တွင် အာဏာသိမ်းစစ်အုပ်စုထဲမှ အကြီးအကဲတစ်ဦးလာရောက်မည့် ခရီးစဉ်အတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင်ရောင်းချနေသည့် ပျံကျဈေးသည်များအား စည်ပင်သာယာရေးဌာနမှ ဇွန်လ ၂၃ ရက်နေ့မှ စတင်ကာ ဇွန်လ ၂၈ ရက်အထိ စုစုပေါင်းခြောက်ရက် ဖယ်ရှား ပိတ်သိမ်းခိုင်းထားခဲ့ သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...